Author: vanko
•9:31 PM
ဆရာကြီးဦးအေးမောင်၊ဆရာမြသန်းတင့်၊ ဆရာနန္ဒာသိန်းဇံ၊ ဆရာလူထုစိန်ဝင်း၊ ဆရာအောင်သင်း တို့ရဲ့ စာအုပ်ကလေးတွေပါ။ စာအုပ်ကောင်းကလေးတွေမို့ နိုင်ငံရပ်ခြားမှာ မြန်မာစာအုပ်ရှားပါးတဲ့ ဒုက္ခကို ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ပါတယ်။ (copy right နဲ့ ညိလာတဲ့အခါကျရင်လည်း မျှခံကြနော်...။) ထုံးစံအတိုင်း “ချယ်ရီသစ္စာ” ကပါပဲ။

1. ဆရာကြီးဦးအေးမောင်၊ “ဗီဇနှင့် ပတ်ဝန်းကျင်”
2. ဆရာလူထုစိန်ဝင်း၊ “ရှက်စိတ်”
3. ဆရာမြသန်းတင့်၊ “လမင်းကို ထရံပေါက်မှကြည့်ခြင်း”
4. ဆရာမြသန်းတင့်၊ “ကြာညိုနံ့သင်းသော ရေ၀တီမ”
5. ဆရာလူထုစိန်ဝင်း၊ “လူငယ်နဲ့ တာဝန်ယူစိတ်”
6. ဆရာအောင်သင်း၊ “ကိုယ်ကျင့်နဲ့ ပညာ”
7. ဆရာနန္ဒာသိန်းဇံ၊ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ”
Author: vanko
•5:09 PM
သူငယ်ချင်း တစ်ယောက်ဆီက ပေးပို့လာတဲ့ email ပါ။ ဒလိုင်လားမားရဲ့ အကြောင်းကြားချက်နဲ့ မေးလ် ၀င်လာရင် လုံးဝမဖွင့်မိဖို့ (အထူးသဖြင့် attachment file ကို) သတိပေးထားပါတယ်။ ဒီမေးလ်နဲ့အတူ ထရိုဂျန် ပါလာပြီး မိမိရဲ့ အချက်အလက်တွေကို ခိုးယူသွားလိမ့်မယ်လို့ဆိုပါတယ်။ အပြည့်အစုံကို အောက်မှာဖတ်ကြည့်ပြီး သတိထားနိုင်ကြပါစေ။

Dear All,

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာပါလာတဲ့ Attached File ကို လုံးဝ (လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်းပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်.

အဲဒီ့ Email မှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ်ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစားကို Attached File မှာ ဖွင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်.

အဲဒီ့ ဖိုင်ကိုဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဘဏ်စာရင်းနံပါတ်တွေကို ယူသွားလိမ့်မယ်လို့ သတိပေးထားပါတယ်

ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့ အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်.

Source: DVB

သုံးသပ်ချက်၊

ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက ကွန်ပြူတာ ဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်. မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့ သတိပေးပါတယ်. ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ သိသာထင်ရှားပါတယ်. ဒီသတင်းကို နီးစပ်ရာ ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်
--
Best Regards,
zeyar

Author: vanko
•1:04 AM
ဒီတစ်ခါတော့ စဉ်းစားစရာလေးတွေ၊ အသိအမြင် တိုးပွားလိုသူများအတွက် အတွေးအခေါ်နဲ့ဆိုင်တဲ့ စာအုပ်ကလေးတွေပါ။ ဒီစာအုပ်ကလေးတွေအတွက်လည်း “ချယ်ရီသစ္စာ” ကိုပဲ credit ပေးပါတယ်။

အတွေးအမြင်စာစဉ်၊ ဇန်န၀ါရီ 2005
အတွေးအမြင်စာစဉ်၊ ဇွန်၊ 2005
အတွေးအမြင်စာစဉ်၊ သြဂုတ်၊ 2005
အတွေးအမြင်စာစဉ်၊ အောက်တိုဘာ၊ 2005
Author: vanko
•12:26 AM
နအဖရဲ့ နောက်မြီးဆွဲ၊ ပေးစာကမ်းစာစားနေတဲ့၊ မတန်မရာ ၈၈ မျိုးဆက်ကျောင်းသားဆိုတဲ့ အမည်ကိုယူသုံးထားတဲ့ အရှက်မရှိ၊ ဂုဏ်သိက္ခာမရှိတဲ့ အေးလွင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပုတ်ခတ်ပြောဆိုတဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု ပုလဲကွန်ဒိုမီနီယံမှာ ဒီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ RFA သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ ဒီလိုလူမျိုး အသားထဲကလောက်ကောင်တွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကိုယ်ကျင့်သိက္ခာမရှိသူတွေကြောင့် တိုင်းပြည်ဟာ နစ်သထက်နစ်နေတာပါ။ ဒီလိုလူမျိုးတွေနဲ့ အချိန်ကုန်ခံပြီး တွေ့ဆုံဆွေးနွေးနေတဲ့ ကုလသမဂ္ဂရဲ့ လုပ်ရပ်တွေကိုလည်း ၀ိုင်းဝန်း ကန့်ကွက်ကြရပါမယ်။

RFA 28 Aug 2008

စစ်အစိုးရနဲႛ ပူးပေၝင်းနေသူလိုႛ မြန်မာနိုင်ငံရေးလောက က သတ်မှတ်ထားတဲ့ ၈၈ ကေဵာင်းသား ခေၝင်းဆောင်ဟောင်းတယောက်ဖြစ်သူ ကိုအေးလွင်က သြဂုတ်လ ၂၈ရက် ဒီကနေႛ နေႛလည်ပိုင်းက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်နဲႛ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် စတဲ့ အတိုက်အခံတွေကြောင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးဟာ အနှစ် ၂၀ လောက် နောက်ကျနေရတာ ဖြစ်တယ်လိုႛ ပြောဆိုကြောင်း သတင်းရရှိပါတယ်။

ရန်ကင်းမြိုႚနယ် ပုလဲကွန်ဒိုမီနီယံ အဆောက်အဦမှာ ကဵင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုအေးလွင်က ဒေၞအောင်ဆန်းစုကြည်နဲႛ အကဵဉ်းကဵခံနေရတဲ့ ၈၈ မျိုးဆက် ကေဵာင်းသားခေါင်းဆောင်တွေအပြင် ပြည်ပအခြေစိုက် သတင်းဌာနတွေကိုလည်း ပြစ်တင် ပြောဆိုသွားတယ်လိုႛ သိရပၝတယ်။

သူႛရဲ့ပြောဆိုခဵက်ထဲမှာ ဒီပြည်ပသတင်းဌာနတွေဟာ မင်းကိုနိုင်တိုႛ အုပ်စုကို အမဵား အသိအမှတ်ပြုခံရအောင် အားပေးအားမြေၟာက် ပြုနေတယ်လိုႛ စွပ်စွဲ ပြောဆိုခဲ့တယ်လိုႛလည်း သိရပၝတယ်။

အဓိကအားဖြင့် ကိုအေးလွင်က သူနဲႛ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ္ဘာရီနဲႛ ေတြႚဆုံခဲ့ရာမွာ ဒေၞအောင်ဆန်းစုကြည်ဟာ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် ရှေႚဆောင်လမ်းပြ ပုဂ္ဂိုလ် မဟုတ္ပၝဘူးလုိႛ ပြောဆိုခဲ့ေုကာင်း သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် ပြောဆိုခဲ့ပၝတယ်။

ဒၝနဲႛပတ်သက်္ဘပီး NCGUB ညွန့်ပေၝင်းအစိုးရ ဝန်ကြီး ဦးဘိုလှတင့်က ကိုအေးလွင်ဆိုသူဟာ စစ်အစိုးရ သြဇာခံဖြစ်ကြောင်း လူတိုင်းသိထားပြီး ဖြစ်တယ်လိုႛ RFA ကို ပြောပၝတယ်။

ဦးဘိုလှတင့်။ ။ “ အေးလွင်ဆိုတဲ့ ပုဂ္ဂိုလ်မဵိုး နအဖက ကျွေးမွေးပြီးတော့ ခိုင်းစေထားလိုႛ၊ မြေၟာက်ပေးထားလိုႛ ဒီကိစ္စတွေ ဆောင်ရွက်ခွင့်ရှိနေတဲ့ ပုဂ္ဂိုလ်မဵိုး ဖြစ်ပၝတယ်။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာဟာ နအဖ၊ ၾကံ့ဖြံႚအပၝအဝင္၊ သူတိုႛကေနျပီးေတာ့မွ အလိုတူအလိုပၝ ဆောင်႟ွက်ထားတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ်မဵိုးစကားက နေပြီးတော့ ဒေၞအောင်ဆန်းစုကြည်ရဲ့ တန်ဖိုးနဲႛ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ဘယ်လိုမှ မှန်မှန်ကန်ကန် နားလည်တဲ့ အကဲဖြတ်မှုမဵိုး ထွက်ပေၞလာစရာ အကြောင်းမရှိဘူးလိုႛပဲ ကျွန်တော် ယူဆပၝတယ်။ ”

“ဒၝေပမယ္လိုႛ ဒီကိစၥနဲႛ ပတ်သက်ပြီး မင်္စတာ ဂမ္ဘာရီနဲႛ ဒီလိုပုဂၢိဳလ္မဵိဳး တွေႚခဲ့တဲ့ကိစ္စကိုတော့ ကျွန်တော်တိုႛက လေးလေးနက်နက် ထားပြီးတော့ ကုလသမဂ္ဂနဲႛ ဆက်ဆွေးနွေးမှာ ဖြစ်ပၝတယ်။ ဒီလောက်ပဲ ပြောခဵင်ပၝတယ်။”

Copyright 2006, RFA. Reprinted with the permission of Radio Free Asia, 2025 M St. NW, Suite 300, Washington DC 20036. http:/ / www.rfa.org

Author: vanko
•10:37 PM
ကျွန်တော့်မှာ ရှိတဲ့ စာအုပ်ကလေးတွေကို ပြန်ဝေမျှချင်ပါတယ်။ ဒါပေမယ့် ဘယ်လို organise လုပ်ပေးရမှန်းမသိဘူး။ အခု ဆရာမြသန်းတင့်ရဲ့ အက်ဆေးစာအုပ်လေးကို အစမ်းတင်ကြည့်လိုက်ပါတယ်။
ဒီစာအုပ်ကလေးအတွက် “ချယ်ရီသစ္စာ” ကို credit ပေးပါတယ်။

link ကို left click မလုပ်ပါနဲ့။ အချိန်ပိုကြာမှာစိုးလို့ပါ။ right click လုပ်ပြီး Save Link As... ကို ရွေးပေးပါ။
15-myathantint(thaminesakarpansakar).pdf
Author: vanko
•10:45 PM
ကျွန်တော် အခုတစ်လော အလုပ်တွေ အရမ်းများပြီး computer ရှေ့ ဖင်ပူအောင်တောင် မထိုင်နိုင်တဲ့အတွက် post အသစ်တွေလည်း မတင်ဖြစ်၊ သူများ blog တွေလည်း မဖတ်ဖြစ်ခဲ့ပါဘူး။ ဒီည NEJ ကို ဖတ်မိတော့ ဆရာ အောင်သင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖတ်လိုက်ရတော့ အတော် စိတ်ကျေနပ်သွားပါတယ်။

စာရေးဆရာကြီး (ဦး)အောင်သင်း ဆိုတာ ကျွန်တော် အင်မတန် လေးစားတဲ့ ဆရာကြီးပါ။ “အမွေ” တို့၊ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ဆိုတဲ့ စာအုပ်တွေကို ဖတ်ရင်း ကျွန်တော်တို့ ကြီးပြင်းခဲ့၊ စိတ်ဓါတ်ခွန်အားတွေ၊ စာရိတ္တခွန်အားတွေ တိုးပွားခဲ့ရတာပါ။ ဆရာကြီးရဲ့ ကျေးဇူး ကြီးလှပါတယ်။ လူငယ်တွေကို အင်မတန် နားလည်ပေးပြီး အင်မတန် စေတနာထားတဲ့ ဆရာကြီးပါ။

အခု “ခေတ်ပြိုင်ဂျာနယ်” မှာ ဆရာကြီးနဲ့ တွေ့ဆုံခန်းကို ဖတ်ရတော့ “ခေတ်ပြိုင်” ကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်။ မြန်မာပြည်က ဝေးရာမှာ ဆရာကြီးရဲ့ စာတွေကို မဖတ်ရတာ ကြာပြီမဟုတ်လား။ ကျွန်တော် ဖတ်ရသလိုပဲ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သား ညီအစ်ကို မောင်နှမများကိုလည်း ဖတ်စေချင်တဲ့ စေတနာကြောင့် ဒီ link လေးကို ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်
Author: vanko
•1:55 AM

အိုလံပစ်ပွဲတော်ကြီးလဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေပါပြီ။ ဆန္ဒပြတဲ့သူတွေလဲ လူ့အခွင့်အရေးတွေအတွက် ဆန္ဒပြဆဲပါ။ အဖမ်းခံရတဲ့သူတွေလဲ များပါပြီ။ တရုတ်ကြီးရဲ့ အိုလံပစ်ဆောင်ပုဒ် One world one dream ဆိုတာ တို့ အိပ်မက်တစ်ခုပဲ ရှိရမယ်။ တခြားသူတွေ အိပ်မက် မမက်ရဘူးလို့များ ပြောသလားလို့ တွေးမိလို့ ဒီ ဂရပ်ဖစ်ပုံလေးကို တက်သလောက် မှတ်သလောက်လေးနဲ့ ဖန်တီးထားတာပါ။
Author: vanko
•12:36 AM


ကမ္ဘာမကြေ ဗမာပြေ။
ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို့
ဒို့ကာကွယ်မလေ …။
ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ။
ဒို့ … ပြေ …။
ဒို့ … မြေ …။
အကျိုးကို ညီညာစွာ ဒို့ တတွေ…
ထမ်းဆောင်ပါစို့လေ…။
ဒို့တာဝန်ပေ …
အဖိုးတန် … မြေ။

ဒီအဖိုးတန်မြေပေါ်မှာ လူ့အဆင့်အတန်းမှီမှီ၊ လူပီပီသသ၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရဖို့ တိုက်ပွဲဝင်ခဲ့ကြတာ အနှစ် ၂၀ ပြည့်ခဲ့ပါပြီ။ ဒီအရေးတော်ပုံကြီုး တစ်လျောက်မှာ အသက်ပေးခဲ့ကြရတဲ့ တက္ကသိုလ်ကျောင်းသား နောင်တော်၊ အစ်မတော်တွေ၊ ညီအစ်ကို၊ ညီအစ်မတွေရဲ့ သွေးတွေလဲ ကံ့ကော်ပန်းတွေပွင့်ရာ မြကျွန်းသာမှာ မခြောက်သေးပါဘူး။ ကံ့ကော်ရနံ့တွေကြားထဲမှာ၊ အဓိပတိ လမ်းမပေါ်မှာ ကျောင်းသားကျောင်းသူတွေရဲ့ သွေးရနံ့တွေနဲ့အတူ သူတို့တစ်တွေရဲ့ တိုက်ပွဲဝင် ၀ိညာဉ်တွေဟာလဲ လွင့်ပျံ့နေဆဲပါ။
မြန်မာပြည်ရဲ့ လမ်းတွေပေါ်မှာလဲ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူ တွေရဲ့ သွေးတွေစီးဆင်းဆဲ၊ ၀ိညာဉ်တွေ အော်ဟစ်နေဆဲပါပဲ။

မြန်မာ့သမိုင်းတစ်လျောက်မှာ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြပြီးပြီ။ ဖက်စစ်စံနစ်ဆိုးကိုလည်း လက်တွဲညီညီ တွန်းလှန်ခဲ့ကြပြီ။ ဒါပေမယ့် ဒီအဖိုးတန်မြေပေါ်မှာ ကျွန်တော်တို့ဘိုးဘွားတွေ၊ ကျွန်တော်တို့ရဲ့ မျိုးချစ်ခေါင်းဆောင်တွေ နဲ့ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်း လိုလားတောင့်တခဲ့တဲ့ ကမ္ဘာ့အလယ်မှာ အဆင့်အတန်းမှီမှီ ကမ္ဘာ့တေးသံနဲ့ အတူလိုက်ကနိုင်တဲ့၊ ကမ္ဘာကြည့် ကြည့်နိုင်တဲ့ တကယ့်အဖိုးတန် တိုင်းပြည်တစ်ခုအဆင့်ကို ရောက်ရှိဖို့ တိုက်ပွဲဝင်နေရဆဲပါပဲ။

နိုင်ငံလွတ်လပ်ရေးတိုက်ပွဲတစ်လျောက် ပြည်သူနဲ့ လက်တွဲညီညီ ပူးပေါင်းခဲ့တဲ့၊ ပြည်သူရဲ့ ထောက်ခံအားပေးမှုတွေနဲ့ တိုက်ပွဲတွေအနိုင်ယူနိုင်ခဲ့တဲ့ တပ်မတော်ဟာ အခုအချိန်မှာတော့ လက်တစ်ဆုပ်စာ စစ်အာဏာရူး ဘိုချုပ်တစ်စုကောင်းစားဖို့အတွက် တိုင်းပြည်ကို သစ္စာဖောက်နေတာတွေ့တာ ရင်နာစရာပါ။ နေ့တိုင်းရွတ်ဆိုနေရတဲ့ “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့ သစ္စာစကားကို ချိုးဖောက်နေပါတယ်။ ပြည်သူကကျွေးတဲ့ ထမင်းကိုစား၊ ပြည်သူကပေးတဲ့ ယူနီဖောင်းကိုဝတ်၊ ပြည်သူ့ဘဏ္ဍာနဲ့ ၀ယ်ထားတဲ့ လက်နက်နဲ့ ပြည်သူကို ပြန်သတ်နေတဲ့ တပ်မတော်ကို ဘယ်လိုစကားမျိုးနဲ့ ဘယ်လိုပြောရမှန်းတောင် စကားလုံးရှာမရနိုင်တော့ပါဘူး။ တိုင်းပြည်လူထုက ထောက်ခံမှုမရှိ ရွံ့ရှာမုန်းတီးနေတဲ့ အာဏာရူးဘိုချုပ်တစ်စုရဲ့ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွန်သာသာဘ၀က ဘယ်တော့မှများ ရုန်းထွက်နိုင်ပြီး ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော် ဖြစ်လာမှာလဲ။ တွေးလေတွေးလေ မှုန်ဝါးလေလေပါပဲ။ စစ်သား၊ တပ်မတော်သား ဆိုတဲ့ နာမည်ကို ခံယူပြီး စစ်သွေးစစ်မာန်တွေ ကိုယ်ထဲမှာမရှိပဲ ကြောက်သွေး ကြောက်စိတ် အကြောက်တရားနဲ့ပဲ လက်နက်မဲ့ ပြည်သူကို ဆက်ပြီးသတ်ဖြတ် ဖိနှိပ်နေကြဦးမှာလား။ အမှန်တရားကို သေသေချာချာ ဝေဖန်ပိုင်းခြားပြီး သတ္တိရှိရှိ ပြည်သူ့တပ်မတော်သား အစစ်ဘ၀ကို ပြန်ရောက်အောင်ကြိုးစားကြပါလို့ တပ်မတော်တစ်ခုလုံးကို တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်အတွက် တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲ့ရင့်ပြတ်သားတဲ့ သမိုင်းဝင် မိန့်ခွန်းကောက်နုတ်ချက်လေးကို လက်ဆောင်ပါးလိုက်ရပါတယ်။
“စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့သူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓါတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာကို သဘောပေါက်ရမယ်။”
ကဲ … တပ်မတော်သားအသင်၊ သင်ဟာ နိုင်ငံရဲ့ ရန်သူလား၊ နိုင်ငံရဲ့ မိတ်ဆွေလား၊ သင်ကိုယ်တိုင် ရွေးချယ်ပါ။ အဲဒါ သင့် သမိုင်း။

တပ်မတော်က သူ့သမိုင်းသူရေးနေချိန်မှာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့သမိုင်း ဒီမိုကရေစီတိုက်ပွဲ ခေါ်ဆောင်ရာကို လိုက်ပါနေရဦးမှာပါပဲ။ လူပီသတဲ့၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရှိတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာဖို့၊ အာဏာရှင်ဝါဒ ဖက်စစ်ဝါဒီတွေ ကျဆုံးဖို့ ဆုံးခန်းတိုင်အောင်တိုက်ပွဲဝင်ရဦးမှာပါ။ လူသားဝါဒ ထွန်းကားတဲ့ တကယ့်အဖိုးတန်မြေဖြစ်ဖို့၊ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ နောင်တော်အစ်မတော်၊ ညီအစ်ကို ညီအစ်မတော်တွေ၊ ရဟန်းရှင်လူ ပြည်သူတွေရဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ တိုက်ပွဲဝင် ၀ိညာဉ်တွေ ငြိမ်းအေးရာရဖို့ ခိုလှုံစရာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံး ဆောင်ကျဉ်းပေးနိုင်အောင် ညီညီညွတ်ညွတ် ဆထက်ထမ်းပိုး ကြိုးစားကြခြင်းဖြင့် သူတို့တစ်တွေရဲ့ ၀ိညာဉ်တွေကို အနားယူအိပ်စက်ပါစေတော့….။

(ဒီပို့စ်လေးနဲ့ အတူတွဲပါတဲ့ video file လေးက အင်တာနက်က ရှာဖွေထားတဲ့ ဓါတ်ပုံတွေ၊ video clips တွေကို ကျွန်တော် ပြန်ပြီး edit လုပ်ထားတာပါ။ မူရင်း ရိုက်ကူးသူတွေ၊ အင်တာနက် စာမျက်နှာတွေပေါ် ဝေမျှပေးသူတွေကို ဆက်သွယ်ပြီး ခွင့်မတောင်းနိုင်ခဲ့တာကို နားလည်ခွင့်လွတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်။
Vanko)

(I garnered these pictures and video clips from various internet web sites. And I’d like to apologize to those who recorded, created and shared this evidence of bloody, bitter memories of Burma’s bloodiest struggle for democracy for I couldn’t contact and ask for permissions. And I also hope that they will understand and forgive me.
Regards,
Vanko)

Author: vanko
•1:05 AM
ကျောင်းသားပြည်သူ ရဟန်းရှင်လူပေါင်းများစွာ ကျဆုံးခဲ့ကြရတဲ့ ၈၈၈၈ အနှစ် ၂၀ နှစ်ပတ်လည်နေ့ ရောက်ပါတော့မယ်။ ဒီနေ့ဒီရက်ရောက်ရင် ရင်ထဲက ခံပြင်းဒေါသထွက်မှုများစွာ၊ ကျေကွဲဆို့နင့်မှုများစွာနဲ့ အတိတ်ရဲ့ အကြောင်းအရာတွေကို တစ်ခါပြန် ခံစားရပြန်ပါတယ်။ စစ်အာဏာရှင်စံနစ်နဲ့ လက်တစ်ဆုပ်စာ စစ်ဘိုချုပ်တွေ ကောင်းစားဖို့ ပြည်သူကို သစ္စာဖောက်နေတဲ့ တပ်မတော်ကိုလည်း မုန်းတီးနာကျည်းရာကနေ စိတ်ကုန်ရွံရှာ သနားစက်ဆုပ် လာမိပါတယ်။ ဘယ်အခါမှ တပ်မတော်ဟာ ပြည်သူ့အတွက်ဖြစ်မှာလဲ။ တပ်မတော်သားတွေ အသိတရားရကြပါ၊ ရှက်တက်ကြပါ။ ဒါမှမဟုတ်ရင်တော့ တပ်မတော်သမိုင်းဟာ ဘယ်လိုမှ အဖတ်ဆယ်မရဖြစ်တော့မှာဆိုတာကို နားလည်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
၈၈၈၈ နားနီးလာပြန်တော့ ရင်ထဲက ခံစားနာကျည်းရတာတွေကို အာသာပြေဖို့ ကျွန်တော် တက်သလောက် မှတ်သလောက်လေးနဲ့ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ ဂရပ်ဖစ်ပုံလေးတွေကို မျှဝေလိုက်ပါတယ်။






Author: vanko
•9:34 PM

စင်္ကာပူက မကြာခဏဆန္ဒပြတက်တဲ့ မြန်မာတွေကို နေထိုင်ခွင့်တွေ ထပ်တိုးမပေးဘူးလို့ သတင်းတစ်ပုဒ်အရ သိရပါတယ်။ ဒီကိစ္စဟာ စင်္ကာပူရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပေါ်လစီကို အထင်ရှားဆုံး ပြသမှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ စင်္ကာပူဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့မှာ ကန့်လန့်လုပ်နေတဲ့ ဖျက်မြင်းတစ်ကောင်ပါပဲ။ တစ်ဖက်က အာဆီယံထဲမှာ ဆရာကြီးနေရာရဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းစား၊ ပွဲစားလုပ်ပြီး စီးပွားရှာနေပါတယ်။

အမှန်တော့ စကာင်္ပူကိုယ်တိုင်ဟာလည်း လူ့အခွင့်အရေး အပြည့်အ၀မရှိတဲ့ တိုင်းပြည်တစ်ခုပါပဲ။ လွတ်လပ်စွာစုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အပြည့်အ၀မရှိပါဘူး။ မီဒီယာလွတ်လပ်ခွင့်ရှိပါတယ် သို့သော်လည်း လီကွမ်ယူနဲ့ အစိုးရအဖွဲ့ မကောင်းကြောင်းတော့ ရေးလို့ မရပါဘူး။ ၀န်ကြီးဌာနတွေကိုတော့ အထိုက်အလျောက် ဝေဖန်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များအတွင်းက လီကွမ်ယူကို ဝေဖန်ခဲ့ဖူးတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို အတင်းအကျပ် ဖိအားပေးတဲ့အတွက် လူသိရှင်ကြား ပြန်တောင်းပန်ခဲ့ရပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီစံနစ်ကို “သဘောထားမကြီးသော ဒီမိုကရေစီ” လို့လည်း ဝေဖန်ရေး သမားတွေက ကင်ပွန်းတပ်ကြပါတယ်။ လွပ်လပ်စွာ ပြောဆိုစုဝေးခွင့် အပြည့်အ၀ မရှိတာဟာ အတိုက်အခံပါတီများကို အင်မတန် အခက်တွေ့စေပါတယ်။ စင်္ကာပူအစိုးရဟာ ရွေးကောက်ပွဲကို သူတို့ကြိုက်တဲ့အချိန်မှ ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိတယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီနိုင်ငံလို့ ပြောပေမယ်. စင်္ကာပူဟာ ၁၉၉၃ ခုနှစ်မှာ တစ်ကြိမ်သာ ရွေးကောက်ပွဲ ကျင်းပခဲ့ဖူးပါတယ်။

လီကွမ်ယူးဟာ ၀န်ကြီးချုပ်ရာထူးကို ၁၉၅၉ ခုနှစ်ကနေ ၁၉၉၀ အထိ ဆုပ်ကိုင်သွားခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ သူ့ရဲ့တပည့်ရင်း ဂိုချောက်တောင် ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၁၉၉၄ မှာတော့ လီကွမ်ယူးရဲ့ သားကြီး လီရှိန်လွန်းက ၀န်ကြီးချုပ်ရာထူးကို ဆက်ခံပြန်ပါတယ်။ အဲဒီ သုံးဦးစလုံးဟာ People’s Action Party (PAP) ကပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ အတိုက်အခံပါတီတွေက စင်္ကာပူဟာ တကယ်တော့ တစ်ပါတီစံနစ်ကျင့်သုံးတဲ့ တိုင်းပြည်ပါပဲလို့ ပြောကြတာပါ။

ဒါပေမယ့် စင်္ကာပူအစိုးရဟာ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀တွေ မြင့်မားလာအောင်၊ နိုင်ငံကို ဒေသတွင်း အရှိန်အ၀ါရှိတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာအောင် ပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။ ဒါတွေကြောင့်လည်း “အာဏာရှင်တစ်ဝက်တစ်ပျက်တိုင်းပြည်” လို့ ဝေဖန်သူတွေရဲ့ အသံဟာမှေးမှိန် မှုန်ဝါးနေခဲ့တာပါ။ အမှန်တော့ စင်္ကာပူအစိုးရအဖွဲ့ဟာ “ကောင်းကောင်းလုပ်ပေး၊ ကောင်းကောင်းခံစား” ဆိုတဲ့မူနဲ့ သွားနေတာပါ။ စင်္ကာပူ ၀န်ကြီးချုပ်ရဲ့ လစာဟာ အမေရိကန် သမ္မတလစာထက် ပိုများပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ လစာတွေဟာလည်း မြင့်မားပါတယ်။ ဒါကြောင့် လာဘ်ပေးလာဘ်ယူမှုတွေ စင်္ကာပူမှာ မရှိသလောက်ရှားပါးပါတယ်။ (လုံးဝမရှိဘူးလို့တော့ မပြောဘူးနော်၊ ကျွန်တော်ကိုယ်တိုင် စင်္ကာပူမှာ ကြုံခဲ့ရဘူးပါတယ်။ ဒါပေမယ့် အဲဒါ အစိုးရနဲ့ မပတ်သက်တဲ့ နေရာတစ်ခုမှာပါ။)

စင်္ကာပူရဲ့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နေမှုဟာ မြန်မာစစ်အစိုးရကို အသက်ဆက်ပေးနေတဲ့ အဓိကအချက်တွေထဲက တစ်ချက်ပါပဲ။ စင်္ကာပူဟာ နအဖရဲ့ ကုန်သွယ်ဖက်တွေ စီးပွားဖက်တွေနဲ့ တွေ့ဆုံရာ၊ အကျိုးအမြတ်ရှာရာ ဘုံဗိမာန်တစ်ခု ဖြစ်နေပါတယ်။ စင်္ကာပူရဲ့ ဘဏ်စံနစ်ဟာလည်း နအဖရဲ့ တရားမ၀င်ငွေတွေကို ခ၀ါချရာ နေရာတစ်ခုပါပဲ။ ဥပမာပြောရရင် ၁၉၉၁ ခုနှစ်မှာ နအဖဟာ စင်္ကာပူဘဏ်တစ်ခုကနေ အမေရိကန်ဒေါ်လာ သန်းလေးရာကျော်ကို ခ၀ါချခဲ့ပြီး တရုတ်လက်နက်တွေဝယ်ယူမှုအတွက် ပေးချေခဲ့ပါတယ်။

နအဖဟာ တရုတ်ကြီးကို စစ်လက်နက်ပစ္စည်းအတွက် မှီခိုနေရတယ်ဆိုရင် အဲဒီ စစ်လက်နက်တွေအတွက် ငွေကို စင်္ကာပူရဲ့ ကျောထောက်နောက်ခံနဲ့ ရနေတာပါ။ စင်္ကာပူရဲ့ စီးပွားရေး ကျောထောက်နောက်ခံသာမရှိရင် နအဖဟာ ပြုတ်သွားခဲ့လောက်ပြီလို့ အချို့သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ ဥပမာပြောရရင် စင်္ကာပူ အစိုးရပိုင် (တကယ်တော့ လီကွမ်ယူ မိသားစုက ထိန်းချုပ်ထားတဲ့) Temasek Holdings က မြန်မာပြည်မှာ ဒေါ်လာ ၃ ဘီလီယံဖိုး ရင်းနှီးမြုတ်နှံ ထားပါတယ်။ နအဖကို လက်နက်ပွဲစားလုပ်ပေးနေတဲ့ တေဇ အပါအ၀င် နအဖ စစ်ဘိုချုပ်ကြီးတွေရဲ့ တိုင်းပြည်နဲ့ လူထုဆီက မတရား ရယူထားတဲ့ ငွေတွေဟာလည်း စင်္ကာပူဘဏ် Account တွေထဲမှာပါပဲ။

နောက်ပြီး အင်တာနက်စာမျက်နှာတွေကနေ နအဖရဲ့ မတရားမှု၊ လူမဆန်မှုတွေကို ဖွင့်ချ ဖေါ်ထုတ်လာတဲ့ Blogger တွေ အင်အားကောင်းလာတာကို တန်ပြန်ဖို့၊ ခြေရာခံဖို့အတွက် နအဖရဲ့ ထောက်လှန်းရေးအရာရှိတွေကို “ဆိုက်ဘာစစ်ပွဲ” အတွက်ဆိုပြီး စင်္ကာပူက လေ့ကျင့်ပေးခဲ့ပါတယ်။ ရန်ကုန်မှာ Cyber warfare center တစ်ခု ထူထောင်ဖို့ ကိုလည်း အကူအညီပေးခဲ့ပါတယ်။

ပြောရမယ်ဆိုရင်တော့ “ပြောမဆုံးပေါင်၊ တောသုံးတောင်” ဆိုတာလိုပါပဲ။ တကယ်တော့ စင်္ကာပူဟာ အီစွပ် ပုံပြင်ထဲက မျက်နှာနှစ်ခုနဲ့ မြင်းပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် လာခါနီးအခါမှ လူကြားကောင်းအောင် မျက်နှာလိုမျက်နှာရ မြန်မာပြည်ကို ဝေဖန်ချက်လေးထုတ်လိုက်၊ နောက်တော့လည်း ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း စီးပွားရေးအခြေအနေကောင်းဖို့ နအဖ နဲ့ ပြန်ပေါင်းတာပါပဲ။ စင်္ကာပူရဲ့ လုပ်ကွက်တွေဟာု ကျွန်တော်တို့အတွက်ကတော့ “ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော” ဆိုသလိုပါပဲ။ ဒါပြီးရင်ဘာလာမယ်ဆိုတာ မှန်းလို့ရနေပါပြီ။

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ကန့်လန့်လုပ်နေတာ တရုတ် နဲ့ ရုရှားတင်မကပါဘူး။ စင်္ကာပူနဲ့ ထိုင်း လည်းပါပါတယ်။ နောက်တော့ အိန္ဒိယ ပါ။ အိန္ဒိယဟာလည်း သူ့ရဲ့ Look-East Policy အရ မြန်မာနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ ပေါ်လစီကို ကျင့်သုံးနေပါတယ်။

ကျွန်တော်တို့ အနေနဲ့က ဒီတိုင်းပြည်တွေရဲ့ အရှက်မရှိ ကိုယ်ကျိုးစီပွားသက်သက်အတွက် လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ နအဖ စစ်အစိုးရနဲ့ ပူးပေါင်းနေတဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်လောင်လောင် ဖေါ်ထုတ်ကြဖို့၊ ရှုတ်ချကြဖို့၊ ကန့်ကွက်ဆန္ဒပြပွဲတွေကို ကမ္ဘာအနှံ့အပြားမှာ တညီတညွတ်တည်း ဆင်နွဲကြဖို့၊ ကမ္ဘာက အာရုံစိုက်လာအောင် အခုထက်ပိုပြီး ညီညီညွတ်ညွတ်၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

နအဖရဲ့ အာဏာရှင်စံနစ် ကျဆုံးဖို့အတွက်ဆိုရင် သူ့ကိုအသက်ဆက်ပေးနေတဲ့ ရေသောက်မြစ်တွေကို ဖြစ်တောက်ပစ်မှသာ စံနစ်ကြီးတစ်ခုလုံး ဗုန်းဗုန်းလဲကျ ပျက်စီးသွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
Author: vanko
•7:30 PM
၈၈၈၈ ပြည်သူ့နေ့စဉ်
Author: vanko
•7:06 PM

ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က တရုတ်အာဏာပိုင်တွေဟာ ဘေဂျင်းအိုလံပစ်ပွဲတော်ကို ကန့်ကွက်ဆန္ဒပြလိုသူတွေအတွက် တရားဝင် ဆန္ဒပြဖို့ နေရာ သုံးနေရာကို သတ်မှတ်ပေးခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရတဲ့ ဘေဂျင်းအစိုးရနေနဲ့ လွတ်လပ်စွာဆန္ဒပြခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။
Ritan Park, Beijing World Park နဲ့ Zizhu Park တွေကို ဆန္ဒပြရာ နေရာများအဖြစ် သတ်မှတ်ပေးထားပါတယ်။ ဒီနေရာ သုံးခုစလုံးဟာ ဘေဂျင်းမြို့တော် အတွင်းမှာ ရှိပေမယ့်လည်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရာ နေရာနဲ့တော့ အလှမ်းဝေးပါတယ်။

တရုတ်အစိုးရဟာ တစ်ဖက်က မြန်မာနဲ့ ဘူတန်နိုင်ငံတွေလို ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းလုပ်နေတဲ့ နိုင်ငံတွေနဲ့ အနီးကပ်ဆက်ဆံနေသလို တစ်ဖက်မှာလည်း နိုင်ငံတကာအခင်းအကျင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ နိုင်ငံအတွင်း တိုးတက်နေသယောင် လုပ်ကြံဖန်တီးနေပါတယ်။ ဒီအိုလံပစ်ပွဲတော် မတိုင်မီမှာလည်း ပိတ်ပင်ထားခဲ့တဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် တော်တော်များများကို ပြန်ဖွင့်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ၀က်ဘ်ဆိုဒ်တွေကိုတော့ ပိတ်ပင်ထားဆဲပါ။
ပေါက်ဖော်ကြီးရဲ့ လုပ်ကွက်တွေဟာ မအူမလည်၊ ပညာမတတ်၊ အတွေးအခေါ် အမျှော်အမြင် ဆိုတာ ဝေလာဝေးတဲ့ နအဖ နဲ့ စာရင်တော့ အများကြီး ချီးကျူးစရာပါ။ ပြီးခဲ့တဲ့ ငလျင်ဘေး သင့်ခဲ့တုန်းကလည်း လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့ပြီး နိုင်ငံခြားကူငွေ ဒေါ်လာသန်းပေါင်းများစွာ အမြတ်ထွက် ခဲ့ပါတယ်။ အခုလည်း ဘေဂျင်းအိုလံပစ်ပွဲကို မကျေနပ်မှုများစွာ ရှိတာကို သိရှိထားတဲ့အတွက် လူတွေလွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခွင့်ရှိပါတယ်၊ ပြောချင်ရာပြောကြပါ ဆိုပြီး သဘောထားကြီးကြီးနဲ့ အိုလံပစ်ရွာနဲ့ ဝေးရာမှာ ဆန္ဒပြခွင့် ပေးလိုက်ပါတယ်။
ဟုတ်တယ်လေ၊ ဆန္ဒပြကြပါစေပေါ့။ ပြိုင်ပွဲကျင်းပရာ နေရာမှာတော့ ဘယ်ရပါ့မလဲ။ ပြိုင်ပွဲကို အနှောက်အယှက်ဖြစ်မှာပေါ့။ သဘောထားကြီးပုံများ ပြောပါတယ်။
ကျွန်တော် စိုးရိမ်တာကတော့ ဘိုသန်းရွှေရဲ့ ထုံထုံထိုင်းထိုင်း နအဖဟာ ပေါက်ဖော်ကြီးရဲ့ အိုင်ဒီအိုလော်ဂျီတွေ ရသွားမှာ စိုးတာပါပဲ။ ပြောင်ပြောင်တင်းတင်း မိုက်ဇာတ်ခင်းနေတဲ့ ဘိုသန်းရွှေကို အခုတောင်မှ ကျွန်တော်တို့ အားကိုးနေတဲ့ ကုလသမဂ္ဂ ဆိုတာကြီးက ပြတ်ပြတ်သားသား အရေးမယူနိုင်သေးတာဗျာ…၊
ပေါက်ဖော်ကြီးရဲ့ လေးပုံတစ်ပုံလောက်သာ ဘိုသန်းရွှေ အပါးဝလိုက်ရင် ကျွန်တော်တို့တော့ ဒီတစ်သက် ဒီမိုကရေစီရဲ့ အရသာလေးကို ခံစားလိုက်ရမှာ မဟုတ်တော့ဘူး ထင်ပါတယ်။