•11:57 PM
auntbubbiesfakefood.com
အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်
ဘဝကို
ငါရောင့်ရဲနိုင်ပါတယ်...
သောကရွက်ကြွေ
မျက်ရည်မိုးစက်တွေ
အညှာအတာကင်းတဲ့နှင်းတွေကြား
ဘဝခရီးပြင်းကို
တွန်းထိုးရုန်းကန်ခဲ့ပြီ...
ဒီနေရာမှာ
ခြေစုံရပ်ပြီး
ဘဝကို ပြန်ငေးကြည့်မိတော့
ငါပိုင်ဆိုင်သမျှဟာ
ပေါင်မုန့်တစ်ပိုင်းနဲ့
အချစ်သုညသာ...။
Poem
|
2 comments:
ဟယ်ရီလင်းရဲ့
အချစ်နဲ့ ပေါင်မုန့်သီချင်းကို သတိရမိတယ် ကဗျာလေးဖတ်ပြီးတော့
အင်းးး ဟုတ်တယ်။ ဟယ်ရီလင်းသီချင်းကို သတိရပြီး ရေးမိတာပါ။ :)