စာရေးဆရာကြီး (ဦး)အောင်သင်း ဆိုတာ ကျွန်တော် အင်မတန် လေးစားတဲ့ ဆရာကြီးပါ။ “အမွေ” တို့၊ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ဆိုတဲ့ စာအုပ်တွေကို ဖတ်ရင်း ကျွန်တော်တို့ ကြီးပြင်းခဲ့၊ စိတ်ဓါတ်ခွန်အားတွေ၊ စာရိတ္တခွန်အားတွေ တိုးပွားခဲ့ရတာပါ။ ဆရာကြီးရဲ့ ကျေးဇူး ကြီးလှပါတယ်။ လူငယ်တွေကို အင်မတန် နားလည်ပေးပြီး အင်မတန် စေတနာထားတဲ့ ဆရာကြီးပါ။
အခု “ခေတ်ပြိုင်ဂျာနယ်” မှာ ဆရာကြီးနဲ့ တွေ့ဆုံခန်းကို ဖတ်ရတော့ “ခေတ်ပြိုင်” ကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်။ မြန်မာပြည်က ဝေးရာမှာ ဆရာကြီးရဲ့ စာတွေကို မဖတ်ရတာ ကြာပြီမဟုတ်လား။ ကျွန်တော် ဖတ်ရသလိုပဲ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သား ညီအစ်ကို မောင်နှမများကိုလည်း ဖတ်စေချင်တဲ့ စေတနာကြောင့် ဒီ link လေးကို ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်
0 comments: