Author: vanko
•8:15 PM

If

You had but five miunts left to live,

What would you do?

Would you lie within your lover's arm?

Or else ...

Try meditating?

Or else ...

Cry out for peace in Vietnum?

Or else ...

Plant flowers?

Do please tell me

If you had but five minutes left to live,

What would you do?

Mg Pan Hmwe

Trans: Khin Aye Thet


တကယ်လို့ 
မင်းဟာ ငါးမိနစ်သာအသက်ရှင်ရတော့မယ်ဆိုရင်
မင်း ဘာလုပ်မလဲကွယ်။

ချစ်သူ့ ရင်ခွင်ကြားမှာပဲနေမလား၊ ဒါမှမဟုတ်...
တရားဘာဝနာပဲ အားထုတ်နေမလား။ ဒါမှမဟုတ်...
ဗီယက်နမ် ငြိမ်းချမ်းရေးအတွက်ပဲ ငိုကြွေးနေမလား။
ပန်းပင်လေးတွေပဲ စိုက်နေမလား။

ပြောစမ်းပါဦး..
မင်းဟာ ငါးမိနစ်သာ
အသက်ရှင်ရတော့မယ်ဆိုရင်...
မင်းဘာလုပ်မလဲ ဟင်...။

ဆရာမောင်ပန်းမွှေးရဲ့  ကဗျာလေးပါ။ ဒီကဗျာလေးရေးချိန်က ဗီယက်နမ်စစ်ပွဲ ဖြစ်နေချိန်ထင်ပါရဲ့ ။ ဒါကြောင့် ဗီယက်နမ် ငြိမ်းချမ်းရေးအတွက် လို့  ရေးခဲ့တာထင်ပါတယ်။ ဒီကဗျာလေးကို ဖတ်ရင်း တခြား စာတစ်ပုဒ်က ခေါင်းထဲရောက်လာပါတယ်။ ဘယ်သူရေးသလဲတော့ မမှတ်မိတော့ပါ။ “ဒီကနေ့ ကနေ နောင်အနှစ် ၂၀ ကြာတဲ့အခါမှာ၊ သင်လုပ်ခဲ့တာတွေထက် မလုပ်မိတာတွေကြောင့် နောင်တရနေ ရလိမ့်မယ်” တဲ့။ ဆိုလိုတာကတော့ဗျာ... ငယ်တုန်း ရွယ်တုန်း၊ အခွင့်အရေးတွေ ရနေတုန်းမှာ အရမယူနိုင်ခဲ့၊ မလုပ်ခဲ့မိတာတွေအတွက် နောင်တရနေရလိမ့်မယ်လို့  ပြောတာပါ။
တစ်ခါက ပန်းပုဆရာတစ်ယောက်ဟာ ခြေထောက်မှာ အတောင်ပံတစ်စုံပါတဲ့ အရုပ်တစ်ရုပ် ထုဆစ်ပြီး အခွင့်အလမ်း Opportunity လို့  အမည်ပေးထားပါသတဲ့။ သူက အခွင့်အလမ်းဆိုတာ အတောင်ပံတွေ ပါသတဲ့။ ခင်ဗျားရနိုင်တုန်းမှာ သူတို့ ကို အမိမဖမ်းနိုင်ရင် သူတို့ ဟာ အဝေးကို ပျံပြေးသွားကြမှာပဲတဲ့။
ကျွန်တော်ကတော့ နောက်ဆုံး ငါးမိနစ်ကို နောင်တတွေနဲ့  မကုန်ဆုံးချင်ပါဘူး။
ခင်ဗျားဆိုရင်ကောဗျာ...။
This entry was posted on 8:15 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: