Author: vanko
•7:43 PM


ကျွန်တော်ကငယ်သေးတယ်၊
ဆရာတို့ လို အသက်မကြီးသေးဘူး၊
ပျံနေတဲ့ငန်းတွေနောက်လိုက်ဦးမယ်၊
အသက် ၇၀ လောက်အထိလိုက်ရမလားလို့ 
စဉ်းစားနေတယ်။
. . . . .
. . . . .
ပျံနေတဲ့ငန်းရဲ့ လည်ပင်းကိုတော့
မြဲမြဲကိုင်ထားဗျာ၊
စိတ်ကူးတောင်ပံတွေက ခင်ဗျားကို...
စိတ်ကူးလို့ ကောင်း၊ လှလည်းလှ
သို့ သော်လည်း တကယ်မရှိတဲ့ ကမ္ဘာကို
ခေါ်သွားမှာ စိုးလို့ ဗျာလို့ 
ကိုဝင်းမောင်က ပြောတယ်။
ကိုတာ၊ ဦးဘထုံး လက်ဘက်ရည်ဆိုင်။

တခါတလေ လယ်ကွင်းစပ်မှာရပ်ရင်း၊ ဒါမှမဟုတ်လည်း ရထားလမ်းဘေး လမ်းလျှောက်ရင်း၊ တငြိမ့်ငြိမ့်နဲ့  ပျံသွားတဲ့ ငန်းတွေ၊ (ဒါမှမဟုတ်လဲ ဗျိုင်းဖြူဖြူတွေပေါ့ဗျာ) ကို ငေးကြည့်ရင်း သူတို့ ဘယ်အထိများ ပျံသန်းသွားကြပါလိမ့်လို့  တွေးကြည့်မိပါတယ်။ သူတို့ လို လေမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျံသန်းသွားချင်စိတ်လည်း ပေါက်မိပါတယ်။

ပျံနေတဲ့ ငန်းတွေနောက်လိုက်ရင်းပဲ အပြန်လမ်းပျောက်သွားမှာလား၊ ဒါမှမဟုတ် နတ်သမီးတွေ ပျော်စံတဲ့ ရွှေငွေ ရဲတိုက်ကြီးတွေဆီပဲ ရောက်သွားမလား။ ငန်းတွေကတော့ သူတို့ ရဲ့  ခရီးဆုံးကို သိပြီးဖြစ်မှာပေါ့ဗျာ။ ခင်မောင်တိုး ကတော့ ကြိုးကြာတွေဟာ မြောက်ဘက်ကို သားဖောက်ဖို့  ပျံကြသတဲ့။ ကျွန်တော့မှာ တောင်ပံတွေရှိရင် ဘယ်ကို ပျံရမလဲ။ စိတ်ကူးလို့ ကောင်း၊ လှလည်းလှ၊ သို့ သော်လည်း တကယ်မဟုတ်တဲ့ ကမ္ဘာကိုတော့ မရောက်ချင်ဘူးဗျာ။ွ
ကျွန်တော် အခုတစ်လော အင်တာနက်ကို မှန်မှန်သုံးဖြစ်နေတယ်။ မြေနီကုန်းက 7 Internet ဆိုတဲ့ ဆိုင်လေးမှာပါ။ ကမ္ဘာကြီးပြားပြီလို့  လူပြောသူပြော များလွန်းလို့ ကျွန်တော်လည်း ပြားတဲ့ ကမ္ဘာကြီးကို အင်တာနက်ရဲ့  လက်တံတွေနဲ့  လိုက်စမ်းကြည့်တာပါပဲ။
သို့ သော်လည်း အင်တာနက်ငန်းတွေဟာ တောင်ရောက်မြောက်ရောက်နဲ့ ဗျာ ပျံချင်ရာ ပျံကြတာပဲဗျ။ Destination က ဘာလဲ၊ ဘယ်လဲ ပေါ့ဗျာ။ စိတ်ကူးလို့ ကောင်း၊ လှလည်းလှတဲ့ virtual ကမ္ဘာကို ခင်ဗျားကို ခေါ်သွားနိုင်တယ်။ အဲဒီမှာပဲ ၀ဲလယ်နေနိုင်တယ်။ ယစ်မူးနေနိုင်တယ်။ Web ဆိုတဲ့အတိုင်း အဲဒီ ပင့်ကူမျှင်တွေက ခင်ဗျားကို ရုန်းထွက်မရအောင် ရစ်ဖွဲ့ ထားကြလိမ့်မယ်။
ဖြစ်သင့်တာကတော့ဗျာ၊ Destination တစ်ခုရွေး၊ ပြီးရင် ငန်းလည်ပင်းကို မြဲမြဲသာကိုင်ပြီး လိုက်ပေတော့။ (ငန်းရဲ့ လည်ပင်းဆိုတာ အခွင့်အလမ်း opportunity လို့  ဆရာ ကိုတာက ဖွင့်ပါတယ်) ရတက်သမျှ အခွင့်အရေးလေးတွေကို မြဲမြဲကိုင်ပြီး ရည်ရွယ်ရာ အိပ်မက်လမ်းကို လျှောက်ကြပေါ့ဗျာ။ ကျွန်တော့ Destination ကတော့ ခပ်ဝါးဝါးပါပဲ။ အခု ဘာရယ်လို့  မပိုင်းဖြတ်နိုင်သေးဘူး။ ပျံနေတဲ့ ငန်းတွေနောက် ကောက်ကောက်ပါအောင် လိုက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးဗျာ။ (သို့ မဟုတ် အနည်းဆုံးတော့ အဲဒီလို ထင်နေတယ်)။ နောက်ပြီး လူဆိုတာ အသက်ကြီးလာလေ ပိုပြီး တွေတွေဝေေ၀ ဖြစ်လာတက်သလား မဆိုတက်ဘူး။ သို့ သော်လည်း တကယ်မဟုတ်တဲ့ ကမ္ဘာမှာ သာယာမနေဖို့  အသိတရားလေးရှိထားတာ တော်သေးရဲ့ လို့  ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါတယ်။

19 Aug 2006




This entry was posted on 7:43 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: