Author: vanko
•7:59 PM

တခါကပေါ့ ကျနော်က စာခြောက်ရုပ်ကို ပြောမိတယ်ဗျာ။ “ခင်ဗျားတော့ ဒီအထီးကျန်ဆန်တဲ့ ကွင်းပြင်ကြီးထဲမှာ ပျင်းနေမှာပေါ့နော်။”

သူပြန်ပြောပုံက “သူတစ်ပါးကို ခြောက်လှန့်ရတဲ့ ပျော်ရွှင်မှုဆိုတာ နက်ရှိုင်းပြီး ကြာရှည်ခံတဲ့ အရာတစ်ခုပဲ။ ကျုပ်ဘယ်တော့မှ ဒီဘ၀ကို ငြီးငွေ့သွားမှ မဟုတ်ဘူး။”

တစ်မိနစ်လောက် စဉ်းစားနေပြီးမှ ကျနော်က ပြောမိပြန်တယ်။ “အင်း… ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်လည်း အဲဒီပျော်ရွှင်မှုကို ခံစားဖူးပါတယ်။”

သူပြန်ပြောပုံက “ကောက်ရိုးနဲ့ပုံသွင်းထားတဲ့သူတွေပဲ ဒါကိုသိနိုင်တယ်” တဲ့။

သူပြောတာ ကျနော့်ကို မြှောက်ပြောတာလား ဒါမှမဟုတ် အရေးမပါတဲ့သူတစ်ယောက်လို သဘောထားပြောတာလားဆိုတာ ဝေခွဲမရပဲ သူ့ကိုထားခဲ့ပြီး ထွက်လာခဲ့တယ်။

တစ်နှစ်ဆိုတဲ့ အချိန်ကုန်သွားတယ်။ အဲဒီအချိန်အတွင်းမှာ စာခြောက်ရုပ်လဲ တွေးခေါ်ပညာရှင် တစ်ယောက်ဖြစ်လာခဲ့တယ်။

ကျနော်သူ့ဘေးက ဖြတ်သွားရင်းတွေ့တာကတော့ ကျီးကန်း ၂ ကောင်ဟာ သူ့ဦးထုပ်ထဲမှာ အသိုက်ဖွဲ့နေကြသဗျ။

လက်ဘနွန်စာရေးဆရာ Kahil Gibran ရဲ့ The Scarecrow ကို ပြန်ဆိုပါတယ်။
This entry was posted on 7:59 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On 8:25 PM , Anonymous said...

ဟောဗျ ကျွန်တော်လည်း စာခြောက်ရုပ်အကြောင်း ကဗျာလေး တင်လိုက်တာ သိပ်မကြာသေးဖူး ...။ အိုင်ဒီယာတော့ လာတူနေကြပြီဗျ ...။

 
On 4:52 PM , Welcome said...

စာခြောက်ရုပ်ကတော့ ပြောသွားပါတယ်။ သိပ်မြင့်သလိုပဲ ခံစားမိတယ်။
သူ့အလုပ်မှာ သူပျော်မွေ့နေပြီး ဂုဏ်ယူနေပုံ ထောက်တော့ ခေသူတစ်ယောက်တော့ ဟုတ်မယ် မထင်ပါဘူး .. ..

http://winzaw-mdy.blogspot.com/