Author: vanko
•10:32 PM
အင်း.. လာလည်ကြတဲ့ သူငယ်ချင်းများကို ခင်လည်းခင်တယ် အားလည်းနာပါတယ်။ အသစ်မတင်နိုင်တော့ အားနာတာပေါ့ဗျာ။ အခုတစ်လော မရေးဖြစ်တဲ့အကြောင်းတွေကများသား... ဆင်ခြေတွေ.. ဆင်ခြေတွေ.. :P

တစ်..။ အလုပ်များတယ်ဗျာ။ ဟိုတစ်လောကဆို အလုပ်က pressure များတော့ stress ၀င်တယ်။

နှစ်..။ အင်း.. စိတ်မပါဘူး..ယင်းဂလိပ်လိုဆို mood မ၀င်ဘူးပေါ့ဗျာ.. :P

သုံး..။ ညစ်နေတယ်.. အခုတစ်လော စိုင်းထီးဆိုင်ရဲ့ "နံရံကိုလက်သီးနဲ့ထိုးမိတယ်" သီချင်းက ခေါင်းထဲရော ပါးစပ်ထဲရော ရောက်ရာက်လာတက်တယ်။ ဘာကိုအပြစ်ရှာ ပုံမှာလဲ.. တရားခံအရင်းဟာ ဘယ်သူလဲ.. ကိုယ်လေစဉ်းစား မရနိုင်တိုင်း.. နံရံကိုလက်သီးနဲ့ ထိုးမိတယ်.. တကယ်တော့ မထိုးပါဘူးဗျာ..။ ကျွန်တော်က ကိုယ့်အသားနာမှာ သိပ်ကြောက်တာ :P ဘယ်လောက်ဒေါသထွက်ထွက် ကိုယ့်ကိုယ်ကိုတော့ အနာမခံပါဘူး.. ဟိဟိ။

လေး..။ အဲဒါနဲ့ အင်တာနက်မှာ ကာတွန်းကားတွေ လိုက်ရှာကြည့်တယ်။ (မဆိုင်ဘူးလား.. ဟီး)။ ကျွန်တော်က အခုအရွယ်အထိ ကာတွန်းကား ကြည့်တုံး။ Tom & Jerry က ကျွန်တော်အကြိုက်ဆုံး ကာတွန်းကား။ နောက်ပြီး ငယ်ငယ်ထည်းက ကြိုက်တာ အခုထိ ပြန်ကြည့်လည်း မရိုးနိုင်တာ Jungle Book. မောဂ္ဂလိနဲ့ ၀က်ဝံကြီး ဘာလူးတို့ နှစ်ယောက်သား သီချင်းဆိုပြီးကတဲ့ အခန်းဆို သိပ်ကြိုက်တာ..။

ငါး..။ သီချင်းတွေ လျှောက်ရှာပြီး ဒေါင်းတယ်။ သီချင်းအသစ်တွေထက် အဟောင်းတွေကို လိုက်ရှာတယ်။ အသစ်တွေက အချိန်မရွေး ၀ယ်လို့ရတယ်လေ။ အဟောင်းလေးတွေက လိုချင်ရင် ရွှေထက်ရှားတယ် မဟုတ်လား။ မြန်မာသီချင်းရော အင်္ဂလိပ်သီချင်းရော အဟောင်းတကာ့အဟောင်းတွေ လိုက်ရှာဒေါင်းတယ်။

အဲမှာ ရှာရင်းနဲ့ ဒီသီချင်းလေးကိုတွေ့လို့ လာလည်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမလေးများ အပျင်းပြေကြည့်ရအောင် တင်ပေးလိုက်ပါတယ်။ အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်ကြပါနော်။

This entry was posted on 10:32 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On 7:10 AM , Anonymous said...

ကိုယ်ဆရာရေ....
ဆင်ခြေတွေကတော့ ပိုင့်ပါဗျာ....။

 
On 8:45 AM , Anonymous said...

မု ပျောက်တာချင်းတူနေတယ်း) ဆားချက်တယ်ပေါ့ ဒါလည်းဖြစ်သွားတာပဲနော့် . ။

 
On 3:21 PM , မမသီရိ said...

ဘာမှ မရေးဖြစ် လို့
ရောက်လာရင်း ဘာမှ မဖတ်ရပဲ နေမဲ့ အတူတူ
သီချင်းလေး နားထောင်ရတော့ လဲ မဆိုးပါဘူး လေ..
..
အမြန်ဆုံး စိတ်လည် လာပါစေ..
(စာရေးဘို့..)