Author: vanko
•9:08 PM

www.perceptions.couk.com
www.winterwoodtoys.com.au

ကျွန်တော်မွေးကင်းစ သုံးရက်သားတုံးကပါ။ ကျွန်တော့်ရဲ့ ပိုးပုခက်ကလေးထဲမှာ ယက်ကန်ယက်ကန် လဲလျောင်းနေရင်း ပတ်ဝန်းကျင် ကမ္ဘာလောကသစ်ကြီးကို စိတ်ပျက်အံ့အားသင့်စွာ ငေးမောနေတုံးပေါ့။ မေမေက နို့ထိန်းမိန်းမကို မေးပါတယ်။

“ကလေး ဘယ်လိုနေသလဲဟင်”
“အို.. ကလေးကတော့ သန္ဓေကောင်းလိုက်တာ အစ်မရယ်။ ကျမ သူ့ကို သုံးခါတောင် နို့တိုက်ပြီးပြီ။ ဒီလောက် ငယ်ငယ်ကလေးနဲ့ ရွှင်မြူးနေတဲ့ ကလေးမျိုး ကျမ တစ်ခါမှတောင် မတွေ့ဖူးဘူး”

ကျွန်တော် တော်တော်မခံနိုင်ဖြစ်သွားပြီး အော်ပြောမိတယ်။
“မဟုတ်ဘူး မေမေ၊ ကျွန်တော့်အိပ်ယာက မာတောင့်တောင့်ဖြစ်နေတယ်၊ ပြီးတော့ နို့ကလည်း ပါးစပ်ထဲမှာ ခါးနေတယ်။ သူ့ ရင်သားတွေအနံ့ကလည်း နှာခေါင်းထဲမှာ နံတယ်။ ကျွန်တော် တော်တော်စိတ်ပျက်နေတယ် အမေ”

ဒါပေမယ့် ကျွန်တော်ပြောတာကို အမေရော နို့ထိန်းပါ နားမလည်ကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောတဲ့ ဘာသာစကားက ကျွန်တော်လာခဲ့တဲ့ တခြားကမ္ဘာတစ်ခုက ဘာသာစကားဖြစ်နေတာကိုး။

မွေးပြီး ၂၁ ရက်ပြည့်တော့ ကျွန်တော့်ကို ရေဖျန်းမင်္ဂလာနဲ့ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။ အဲဒီမှာ ဘုန်းတော်ကြီးက အမေ့ကို ပြောတယ်..
“ခင်ဗျားတော့ တကယ်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်ပါတယ်။ ခင်ဗျားသားလေးဟာ ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့လို့ပဲ”

ကျွန်တော် အံ့သြသွားပြီး ဘုန်းတော်ကြီးကို ပြောလိုက်တယ်။
“အဲဒါဆို ကောင်းကင်ဘုံက ဖာသာရဲ့အမေကတော့ အတော်စိတ်ဆင်းရဲနေမှာပဲ။ ဘာလို့လဲဆိုတော့ ဖာသာက ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးလာခဲ့တာ မဟုတ်ဘူးလေ”

ဒါပေမယ့် ဘုန်းတော်ကြီးလဲ ကျွန်တော်ပြောတာကို နားမလည်ခဲ့ပါဘူး။

ခုနှစ်လပြည့်တော့ အကြားအမြင်ဆရာတစ်ယောက်က အမေ့ကို ပြောပြန်ပါတယ်။
“ခင်ဗျားသားက နိုင်ငံ့ခေါင်းဆောင်ဖြစ်မှာဗျ.. လူတွေအများကြီးကို ဦးဆောင်ရတဲ့လူ ဖြစ်မှာ”

ကျွန်တော်အော်ပြောလိုက်တယ်။
“အဲဒါ အကြားအမြင်ဆရာအတုကြီးအမေ။ ကျွန်တော်က ဂီတပညာရှင်တစ်ယောက် ဖြစ်လာမှာ။ ဂီတပညာရှင်တစ်ယောက်အဖြစ်ကလွဲလို့ ကျွန်တော် တခြားဘာမှဖြစ်လာမှာမဟုတ်ဘူး ”

ဒါပေမယ့် အဲဒီအရွယ်ရောက်တာတောင် ကျွန်တော့်စကားကို ဘယ်သူမှ နားမလည်ကြသေးဘူး။ ကျွန်တော်တော့ အတော်ကြီးကို အံအားသင့်ခဲ့ရတာပေါ့။

သုံးဆယ့်သုံးနှစ်ဆိုတဲ့ အချိန်ကုန်လွန်သွားတယ်။ ဒီအတောအတွင်းမှာ အမေရော၊ နို့ထိန်းမိန်းမရော ဘုန်းတော်ကြီးပါ ကွယ်လွန်သွားခဲ့ကြပါတယ်။ (ဘုရားသခင်က သူတို့ဝိညဉ်တွေကို စောင့်ရှောက်ပါစေ) အကြားအမြင်ဆရာကတော့ အသက်ရှင်နေထိုင်တုံးပါပဲ။ မနေ့ကတော့ သူ့နဲ့ ဘုရားကျောင်း တံခါးဝမှာ ဆုံမိပါတယ်။ အလာပသလာပ ပြောကြရင်းနဲ့ သူက အခုလိုပြောပါတယ်။
“မင်းအခုလို ဂီတပညာရှင်တစ်ယောက် ဖြစ်လာမယ်ဆိုတာ ငါသိနှင့်နေပြီးသားပါ။ ဟိုးတစ်ချိန် မင်းမွေးစကတည်းက ငါ မင်းရဲ့အနာဂတ်ကို အကြားအမြင်နဲ့ကြည့်ပြီး နိမိတ်ဟောခဲ့တာ”

ကျွန်တော်သူပြောတာကို ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်ကိုယ်တိုင် အဲဒီတုံးက တခြားကမ္ဘာရဲ့ဘာသာစကားကို မေ့သွားပြီဖြစ်လို့ပါပဲ။

ခါလီဂျီဘရန်း Kahil Gibran ရဲ့ စာလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်ဆီက ဦးခါလီရဲ့ စာတွေမကုန်မချင်းတော့ သည်းညီးခံပြီး အားပေးကြပါဦးခင်ဗျာ။ :P
This entry was posted on 9:08 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

9 comments:

On 10:40 PM , ကောင်းကင်ပြာ said...

လာအားပေးတယ်နော်၊မကုန်မချင်းရေး

 
On 11:07 AM , Anonymous said...

ဖတ်လို့ကောင်းတယ် ဆက်ရေးပါနော်.

 
On 4:23 PM , My Diary said...

အားပေးလျက်ပါ
(ဒါဆို အခု ဘာဖြစ်နေတာလည်းဟင်)
နောက်ပြီး အခု ဘာ ဘာသာစကားကို နားလည်သွားပီလဲလို့

 
On 5:08 PM , Dream said...

ဟင်.... မက်မက်ဦးလေး ၀မ်း၂၀ကွဲရဲ့ စာတွေ ကိုတင်ဆက်ပေးတာ ဦးလေး ခါသိရင် အရမ်းဝမ်းသာမှာပဲနော်..

အခု ဦးဦးပန်းဂျဂါး ဘာသာသာ ကိုတတ်သွားတာလဲ... အရင်လန်းဂွေ့ ကိုရော မှတ်မိဒေါ့ဖူးပေါ့.. ဟုတ်ရား...

ဘာသာပြန်မှု အရမ်းကောင်းတယ်.... ကဲ.. လန်းဂွေ့ သင်တန်းဖွင့်မယ်.. တတ်ချင်ရင်လာတတ်နော်.. ဟိဟိ

 
On 11:01 PM , Welcome said...

ရေးတိုင်းကောင်းလို့
ကောင်းတိုင်းလာဖတ်ဖြစ်ပါတယ်။
အားပေးနေပါတယ် .. ..

 
On 3:23 AM , Anonymous said...

အင်း.... အဲလိုသာယုံလိုက်ရင်တော့ အကြားအမြင်ဆရာ ရိုက်စားတာ ခံရပေဦးမှာပေါ့

 
On 11:01 AM , Anonymous said...

အားပေးနေပါတယ် ... ဖတ်လို့လည်းကောင်းပါတယ် .. ဆက်ရေးပါဦး ...

 
On 7:50 PM , မမသီရိ said...

အတွေးပွားစရာ အရေး အသားလေး မို့လို့
ဆက်ရေးနေသေး လဲ..လာအားပေး ပါ့မယ်နော်..း)

 
On 11:22 PM , ဒေါင်းမင်း said...

ကောင်းပဗျာဖတ်လိုကောင်းအားပေးနေပါတယ်