•7:16 PM

တစ်နေ၀င်တာကို
ငေးမောရင်း
ကြွေသွားတဲ့ မနက်ခင်းတွေကို
နှမြောနေမိတာ…
တိမ်တွေနဲ့အတူ
ပျံသန်းလိုက်ချင်ပေမယ့်
မြေပေါ်မှာလမ်းလျှောက်ပြီး
မြေကြီးကို ခင်တွယ်တက်တာ…
ဘာကိုမှ
မစွဲလန်းဘူးပြောပေမယ့်
အိပ်မက်ဟောင်းတွေကြောင့်
အိပ်ရေးပျက် ပျက်နေတက်တာ…
စာအုပ်၊ ဂီတနဲ့ အချစ်ကို
မြတ်နိုးပေမယ့်
ငွေရှိရင် ပိုပြီးပျော်နိုင်မယ်
ထင်နေတက်တာ…
ဘ၀ဆိုတာ
တကယ်ပဲ ဒိုးနပ်တစ်ခုဆိုရင်
အနှစ်သားနဲ့ အကာ
ဘယ်ဟာပိုများနေလဲ
ဝေခွဲမရတက်တာ…
မွေးကတည်းက
အနိစ္စ၊ အနိစ္စ
တဖွဖွကြားဖူးပြီးသားပေမယ့်
မသေချာခြင်းနိယာမကို
အဆန်းထင်နေတက်တာ…
ပြူတင်းပေါက်က
ကွင်းစိမ်းစိမ်းလေပြေကို
နှစ်ခြိုက်ခုံမင်ပေမယ့်
အဲယားကွန်းမရှိရင်တော့
မဖြစ်ဖူးထင်နေတက်တာ…
လောကကြီးက
ဖတ်မကုန်တဲ့စာအုပ်
လူတွေကိုဖတ်ရတာ
စိတ်ဝင်စားစရာဆိုပေမယ့်
စာတစ်အုပ်နဲ့ ငြိမ်သက်နေချင်တာ…
လရောင်အောက်မှာ
သီချင်းသံကိုခံစားရင်း
ပိုးစုန်းကြူးတွေလို
ပျံသန်းချင်ပေမယ့်
အမှောင်ကိုကြောက်တက်တာ…
အယူသီးတဲ့
ဓလေ့ထုံးတမ်းတွေကို
လက်ခံဖို့ ငြင်းဆန်တက်ပေမယ့်
ကြယ်ကြွေတာတွေ့ရင်
ဆန္ဒပြုမိတက်တာ…
ကြယ်တွေစုံတဲ့
စင်္ကြာဝဠာကြီးရဲ့ဝတ်ရုံ
အမှောင်ညကောင်းကင်ကို
အသက်ရှုရပ်လောက်အောင်
အံ့သြငေးမောရင်း
အတွေးတွေ ကဆုန်ဆိုင်းရတာ
နှစ်ခြိုက်ပေမယ့်
မီးပျက်တဲ့ညတွေကို
စိတ်ပျက်တက်တာ…
စမ်းရေစီးသံ
ဝါးရွက်လေတိုးသံ
ငှက်ငယ်မြည်သံ
ရေပလုံစီသံ
ယာတောသံ
ကလေးရယ်သံ
မျက်စိမှိတ်လို့
ပျော်ဝင်လိုက်ချင်ပေမယ့်…
မာနသံ
အတ္တသံ
ငြင်းခုံသံ
ပြိုင်ဆိုင်သံ
မေးငေါ့သံ
မနာလိုသံ
မောဟိုက်သံ
နွမ်းလျှသံ
တမ်းတသံ
အသည်းကွဲသံ
ဆူညံသံတွေနဲ့
မြို့ပြလမ်းတွေပေါ်မှာ
ယိမ်းထိုးပြေးလွှားနေတဲ့
ခြေထောက်တွေကို
မရပ်တန့်ချင်တာ…
အဲဒါ..
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်ပါ။
8 comments:
တန်ဖိုးရှိတဲ့
အချိန်လေးတွေနဲ့
နေ့ရက်လေးတွေ
လှလှပပ
ကုန်လွန်နိုင်ပါစေ .. ..
အားပါးပါး..တော်တော်ကောင်းတဲ့ကဗျာလေးပါလား.. ကြိုက်တယ်... စပ်လည်းစပ်တတ်တယ်နော်........
ဦးဦးအတွက် ကော်ဖီထားခဲ့တယ်... သောက်လည်း သောက် မကုန်စေနဲ့ ... အဟီး...ြ့ားလား...
အဲရာ ဘူးရေးရဲ.. နာတိဒယ်နော်... အဟီး... အဒူ့ပုံကို တင်ထားတာရဲ... ဟိုနေ့ က ရိုက်ထားတဲ့ ဘိုးဘွားရိပ်သာက အဖိုး ပုံကြီး.. အဟတ်အဟတ်..:P :P
တကယ့်ကို ကောင်းတဲ့ ကဗျာလေးဗျာ တကယ်
ခံစားလို့ကောင်းတဲ့ ကဗျာပါပဲ။
ကဗျာလေးက ကောင်းတယ်
မီးပျက်တဲ့ညဆို စိတ်ပျက်တယ်ဆိုရင်
နေပြည်တော်ပြောင်းလာပေါ့(ဟီး)
ကဗျာမှာ ရသတွေအကုန်ပါတယ် (ဒိုးနပ်)
ဒိုးနပ်မှာ အနှစ်ကနည်းတယ် ..။
အိပ်ရေးပျက် က မာရစ်ဇ သီချင်းထင်တယ်နော်။
အဲကွန်းကတော့ မရှိလို့ မစြဖ်ဘူးလေ(မှန်တယ်)
လူတွေတိုင်းကိုတော့ မဖက်နဲ့နော် (ရှော့ရှိတယ်)
(စတာပါ) တကယ်ကောင်းပါတယ်
ကျတော်မဟုတ်တဲ့ ကျတော်
ဒီကဗျာလေးကိုကြိုက်တယ် ဖြစ်ချင်နေတဲ့ စိတ်ကူးထဲက အေးချမ်းမှုလေးကို ဒီကဗျာထဲမှာတော်တော်များများတွေ့လိုက်ရတယ်။
လောကကြီးက
ဖတ်မကုန်တဲ့စာအုပ်
လူတွေကိုဖတ်ရတာ
စိတ်ဝင်စားစရာဆိုပေမယ့်
စာတစ်အုပ်နဲ့ ငြိမ်သက်နေချင်တာ…
..........
အယူသီးတဲ့
ဓလေ့ထုံးတမ်းတွေကို
လက်ခံဖို့ ငြင်းဆန်တက်ပေမယ့်
ကြယ်ကြွေတာတွေ့ရင်
ဆန္ဒပြုမိတက်တာ…
.................
ကြယ်တွေစုံတဲ့
စင်္ကြာဝဠာကြီးရဲ့ဝတ်ရုံ
အမှောင်ညကောင်းကင်ကို
အသက်ရှုရပ်လောက်အောင်
အံ့သြငေးမောရင်း
အတွေးတွေ ကဆုန်ဆိုင်းရတာ
နှစ်ခြိုက်ပေမယ့်
မီးပျက်တဲ့ညတွေကို
စိတ်ပျက်တက်တာ…
...........
အဲဒီ အချက်တွေက ကျမ နဲ့တူနေတယ်...း)
.....
တကယ့်ကို ခံစားလို့ ရတဲ့ ကဗျာလေးပါ..
ကဗျာရေးသူရဲ့ နှလုံးသား ကို
ကဗျာဖတ်သူ တွေ တွေ့ ခွင့် ရတဲ့ အရေးအသားလေးပါ ပဲ..
အမြဲ လာ ပြီး အားပေး ပါ့ မယ် ရှင်
ချမ်းမြေ့ပါစေ..
ကောင်းပါတယ်ဆိုတာထက်ကို ပိုပြောချင်ပါတယ်....။