Author: vanko
•12:15 AM

www.thesecretsofdreams.com
www.crazyleafdesign.com

စိမ်းမြ
သစ်ရွက်တို့ ကြွေနေဆဲ
ငါ့မျက်ရည် စိုနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

ရဲရင့်
ကျောက်ခက်တို့ ပြိုနေဆဲ
ငါ့အတွက်အဖြေ ရှာနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

တစ်ရေးမှ မပျော်တဲ့ည
မှောင်လွန်းနေဆဲ
တစ်ယောက်ထဲငါ ငိုနေတုံး
ရင်ထဲမှာ မကျေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး..

တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့စိတ်တွေ နှင်နေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်။

စိမ်းမြနေဆဲ သစ်ရွက်တွေ ဘာကြောင့်များ မြေခရပါလိမ့်.. ကျောက်သားကျောက်ဆိုင်လို ရဲရင့်ခဲ့တဲ့ စိတ်ဓါတ်တွေလည်း ပြိုလဲခဲ့ပြီ.. မျက်ဝန်းမှာ မျက်ရည်လည်း စွတ်စိုတုံး .. အသိခက်တဲ့ အဖြေကိုလည်း ရှာတုံး .. အိပ်စက်ခြင်းမဲ့တဲ့ညတွေမှာ ငိုကြွေးနေတုံး .. ရင်ထဲမှာ မကျေနပ်ဖူး .. ဘာကို မကျေနပ်တာလဲ.. ဘယ်သူ့ကို မကျေနပ်တာလဲ.. လောကကြီးကိုလား.. နေနိုင်သူတွေကိုလား.. ကိုယ့်ကိုယ်ကိုလား.. အဲဒါကိုလည်း အဖြေရှာတုံး.. အသည်းမှာ တကယ်ပဲ နောက်ဆုံးလို့ ဆုံးဖြတ်လိုက်ပြီလား.. အဲဒီအဖြေကိုလည်း ရှာဖွေဆဲ.. နောက်ဆုံးမှာတော့ တိတ်ဆိတ်ခြောက်ကပ် အသက်မဲ့နေတဲ့ အိပ်မက်တွေပဲ ကျန်နေခဲ့တယ်။ ရင်ထဲမှာ တိတ်တဆိတ်မက်နေဆဲ ဒီအိပ်မက်ကရော တကယ်ပဲ နောက်ဆုံးအိပ်မက် ဖြစ်မှာလား.. စိတ်တွေကတော့ ဟိုး အဆုံးအစမရှိတဲ့ အတိတ်နဲ့ အနာဂတ်ကို လူးလာခေါက်တုံ့ နှင်နေဆဲပါပဲ…။ နေနိုင်သူတွေကလည်း မဆိုင်သလို နေမြဲပါပဲ..။

ကိုခင်ဝမ်းနဲ့ ကိုခိုင်ထူးတို့ သီဆိုခဲ့ဖူးတဲ့ သီချင်းလေးပါ။ ဟိုးငယ်ငယ် ဂစ်တာတီးစကတည်းက နှစ်ချိုက်ခဲ့တဲ့ သီချင်းလေးကို ပြန်ခံစားကြည့်မိတာပါ။ ရင်ဘတ်ခြင်းတူရင် မျှဝေခံစားသွားနိုင်ပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
This entry was posted on 12:15 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On 8:17 AM , နှင်းပွင့်ဖြူ said...

စိမ်းမြနေတဲ့ သစ်ရွက်တွေ ဘာကြောင့်မြေခရပါလိမ့်ဆိုတော့
တစ်ခုခုကြောင့်နေလိမ့်ပေမပေါ့

 
On 9:31 AM , Anonymous said...

ခံစားချက်တွေတိုက်ဆိုင်နေတယ်ထင်ပါ့ အစ်ကိုရေ့ ကဗျာလေးကော စကားပြေလေးပါ ထပ်တူခံစားလိုက်တော့ ရင်ထဲမချိပါ ။

 
On 4:43 PM , ကောင်းကင်ပြာ said...

ခံစာပီးဖတ်သွားတယ်နော်

 
On 5:13 PM , Dream said...

အဲ.. စိမ်းမြနဲ့ ရဲရင့်တို့က လင်မယားတွေလေ.. ဟိဟိ...

ကဗျာလေးရော.. စကားပြေလေးရော ခံစားသွားပါတယ်...

 
On 3:28 AM , Anonymous said...

ခံစားဖတ်ရူသွားပါကြောင်း

 
On 10:39 AM , ATN said...

တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျနော်က သည်သီချင်းကို ပြန်တီးထားသဗျ...