
လောကကြီးရဲ့ မတရားပုံများ
ငါ့နှလုံးသားကို ငါပြန်စားပြီး အသက်ရှင်နေရတယ်။
ပရိုမီးသီးယပ်စ်က လူသားတွေအတွက်
မီးကိုခိုးယူပေးလို့တဲ့...
နေ့စဉ်နေ့တိုင်း အသည်းကို
ဖောက်ထုတ်စားသောက်ခံရ...
အဲဒီဝေဒနာပြင်းပြင်းကို
အသစ်သစ်ထပ်ခံရဖို့ ...
သူ့အသည်းဟာ ညမှာ အသစ်တဖန်ပြန်ဖြစ်
မဆုံးနိုင်တဲ့ နာကျင်မှုဝဋ်ကြွေး
ပေးဆပ်နေရရှာတယ်။
ငါကကော....
ပရိုမီးသီးယပ်စ်ရေ
ခင်ဗျားထက် ကျွန်တော်ကဆိုးပါတယ်။
သူ့ကိုချစ်နေလို့တဲ့..
ရှင်သန်နေရင်း
တနေ့ခင်းလုံး
ကိုယ့်နှလုံးသားကို ကိုယ်ပြန်စားလို့
ကိုယ့်နှလုံးသွေးကို ကိုယ်ပြန်သောက်ရ...
ညဘက်ရောက်တော့
မဟန်နိုင်တော့တဲ့ ခန္ဓာကို
ဝေဒနာအိပ်မက်တွေထဲကို ပစ်ချ...
ခံစားစရာ နှလုံးသား
ကုန်ဆုံးသွားပြီလားလို့ ...
ဒါပေမယ့်
နောက်တစ်နေ့မနက်မိုးလင်းတိုင်း
ဝေဒနာအသစ်သစ်တွေခံစားဖို့
နှလုံးသားက အသစ်ရောက်လာပြန်ပေါ့၊
ဒီလိုနဲ့ ...
အဲဒီနှလုံးသားကို စားသောက်
သွေးတောက်တောက်ကျရပြန်ပေါ့၊
မဆုံးနိုင်တော့တဲ့ဝဋ်ကြွေးလား
ဒီဘ၀မှာတင် ပြေပါစေတော့...။
5 comments:
လောကကြီးရဲ့ မတရားပုံများ
ငါ့နှလုံးသားကို ငါပြန်စားပြီး အသက်ရှင်နေရတယ်။
ကြိုက်တယ်ဗျာ စာသားက ထိတယ်။
စာသားတွေကထိလှပါလား..
ခံစားမှုကလည်းပြင်းတယ်..
အခေါက်ခေါက်ဖတ်ပြီး.
..အထပ်ထပ်အားပေးသွားပါတယ်..
မဆုံးနိုင်တော့တဲ့ဝဋ်ကြွေးတွေ ဒီဘ၀မှာတင် ပြေပါစေတော့လို့ မက်မက်
ဆုတောင်းပေးပါတယ်.. ဦးဦးပန်းဂျဂါး ပျော်ရွှင်ပါစေ... ..။
ကောင်းလျချည်လားဗျ စားသားလေးတွေ မိုက်တယ်ဗျာ
စာသားလေးတွေခိုက်တယ်ဗျာ ဒီအိမ်ကိုပထမဆုံးရောက်တယ် ပထမဆုံးဖတ်၇တဲ့ကဗျာကိုကမိုက်နေပြီး
အမြဲလာအားပေးမယ်နော်