•6:30 PM

အချစ်တဲ့လား
မင်းရဲ့သစ္စာတရား
ငါ ဟားတိုက်လို့ ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ...
လည်ချောင်းဝမှာ လျှံတက်လာတယ်...။
မြတ်နိုးခဲ့ရတဲ့
မင်းနာမည်ကို
ငါ ဟ,ဟ တောင် မရွတ်ရဲတော့ဘူး
မင်းကိုချစ်စိတ်နဲ့
တဆတ်ဆတ်တုန်နေတဲ့နှလုံးသား
ပါးစပ်ကနေအပြင်ကိုခုန်ထွက်သွားပြီး
ကွဲသွားမှာကြောက်လို့....။
ငါ့ထွက်သက်ဝင်သက်တိုင်းမှာ
မင်းနာမည်...
အိပ်မက်တိုင်းမှာ
မင်းအကြောင်း...
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
စတေးခဲ့ရတဲ့ နေ့တွေ...
အဲဒီအချိန်တွေမှာ
မင်းသူနဲ့...
ချစ်စကားပြောနေတယ်။
မင်းရဲ့သစ္စာတရား..
ငါ ဟားတိုက်လို့ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ..
လည်ချောင်းဝမှာ လျှံတက်လာတယ်...။
6 comments:
လည်ချောင်ဝလျှံတက်လာရင်ဆို့ထားလိုက်လေဗျာ ဒါမှမဟုတ် တခုခုစားလိုက်
ပေါ့ ဒါဆိုအပေါ်ကအစာနဲ့ဖိထားတာဆိုတော့ ပြန်ကျသွားလမ့်မယ်။
မင်းနာမည်တောင်ဟဟမခေါ်ရဲဘူးဆိုလဲ တိုးတိုးလေး စိတ်ထဲကနေခေါ်ပေါ့
အကြံပေးတာပါနော် စိတ်ဆိုးရဘူး ဟိဟိဟိဟိ
ကောင်းတယ်ဗျ ကဗျာလေးက ဆက်ရေးဗျို့
ဦးဦးပန်းဂျဂါး အတဲမီးတောက်နေဒယ်... ရေရာလောင်းမယ်...
တကျန်ရောက် ရင် ရေရာလောင်းမယ်... ဟီးဟီး..:P :P
ကဗျာလေးက ကောင်းလွန်းတော့ ဖတ်ရတဲ့သူတွေ ရင်ဆို့သွားတယ်....
(မောလို့..:P )
တကယ်စိတ်မကောင်းစရာ.. ဟင့်.. :(
အရေးအသားကလန်ထွက်တော့ ငိုပြီး ပြန်သွားတယ်.။.. ဟီးဟီး.. :P
အရေးအသားရော စကားလုံးတွေရော အရမ်းမိုက်တယ်ရှင့်။ ကဗျာကောင်းလေးတစ်ပုဒ်ပဲ။
ကဗျာကောင်းလေးတစ်ပုဒ်ကို နှစ်နှစ်သက်သက် ခံစားသွား ပါတယ်။ အဆင်ပြေချမ်းမြေ့ပါစေ...
http://winzaw-mdy.blogspot.com
အချစ်တဲ့လား
မင်းရဲ့သစ္စာတရား
ငါ ဟားတိုက်လို့ ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ...
လည်ချောင်းဝမှာ လျှံတက်လာတယ်...။
ကြိုက်တယ် ကြိုက်တယ်။
ကဗျာတစ်ပုဒ်လုံးကိုကြိုက်ပါတယ်
အဲဒီအပိုဒ်ကတော့ ရင်ဘတ်ကြီးနဲ့အပြည့်ကို
ခံစားသွားတယ်.. အဟင့်အဟင့်
ကဗျာလေးကောင်းတယ်ဗျာ