Author: vanko
•8:02 PM

profile.myspace.com

သူငယ်ချင်းအားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ ကျနော့ဆီကို သတိတရလာလည်ကြပြီး ဘာမှပြန်ပြီး ဧည့်မခံနိုင်လို့ စိတ်မကောင်းပါဘူး။ ကျနော်လည်း အခုတလော ပို့စ်ရေးဖို့နေနေသာသာ အိမ်တောင် ကောင်းကောင်းမလည်ဖြစ်ဖူးဖြစ်နေလို့ပါ။ ရေးဖို့လဲ Mood မရတာပါပါတယ်။ အခုအသစ်တော့မရေးဖြစ်သေးပါဘူး။ အရင်က ဘာသာပြန်ထားပြီး မတင်ရသေးတဲ့ ပို့စ်လေးတစ်ခုပဲ တင်ပေးလိုက်ပါတယ်။ လက်ဘနွန်စာရေးဆရာ၊ ကဗျာဆရာ Kahil Gibran ရဲ့ The mad man ဆိုတဲ့ စာအတိုလေးပါ။ အခုတစ်လော ဦးခါလီကို ဓါတ်ကျနေလို့ သူ့စာတွေဖတ်ဖြစ်နေပါတယ်။ အဲဒါလေးတွေထဲက သဘောကျတာလေးတွေကို ဘာသာပြန်ကြည့်တာပါ။ လိုအပ်ချက်တွေရှိမှာပါ။ အမှားအယွင်းရှိခဲ့ရင်၊ မူရင်းကိုမဆုပ်ကိုင်နိုင်ရင် ကျနော့အားနည်းချက်သာဖြစ်ပါတယ်။

အရူး

ကျုပ်ဘယ်လိုလုပ်ပြီး ရူးသွားတယ်ဆိုတာ ခင်ဗျားကသိချင်တယ်ပေါ့။ ဟုတ်စ။ ဒီလိုဗျာ…တစ်နေ့ပေါ့.. အင်း.. နတ်ဘုရားတွေ မမွေးခင် ဟိုး…တုန်းက တစ်နေ့ပေါ့။ ကျုပ် ကုလားသေကုလားမော အိပ်မောကျနေရာကလဲ နိုးလာရော ကျုပ်ရဲ့ မျက်နှာဖုံးတွေ မရှိတော့ဘူးဆိုတာ သိလိုက်တယ်။ ဟုတ်တယ် မျက်နှာဖုံးခုနှစ်ခု .. အဲဒါတွေ မရှိတော့ဘူး။ အဲဒီမျက်နှာဖုံး တွေကိုတပ်ပြီး ကျုပ်က ဘ၀ခုနှစ်မျိုးမှာ ကျင်လည်နေတာလေ။ ကျုပ်လဲ မျက်နှာဖုံးမပါတော့ပဲ လမ်းပေါ်မှာ လျှောက်ပြီးအော်ဟစ်တော့တာပေါ့။ “သူခိုးတွေ၊ သူခိုးတွေ၊ သေချင်းဆိုး သူခိုးတွေဗျို့၊ ကျုပ်မျက်နှာဖုံးတွေကို ခိုးသွားတယ်”။

လူတွေက ကျုပ်ကို ၀ိုင်းရယ်ကြသဗျာ။ တစ်ချို့ကလည်း ကြောက်လို့တဲ့ အိမ်ထဲဝင်ပြေးကြတယ်။

အဲလို ကျုပ်လျှောက်ပြေးရင်း ဈေးဘက်လဲရောက်ရော အိမ်ခေါင်မိုးတစ်ခုပေါ်မှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်က ဒီလို အော်သဗျ။ “အရူးကြီးဗျို့ အရုးကြီး အဲလူကြီးက အရူးကြီး” တဲ့။ ကျုပ်အဲဒီကောင်လေးကို မော့ကြည့်လိုက်တယ်။ အဲဒီမှာ မျက်နှာဖုံးမရှိတော့တဲ့ ကျုပ်ရဲ့ မျက်နှာပြောင်ကြီးကို နေရောင်က ပထမဆုံးအကြိမ် နမ်းတော့တာပဲဗျ။ ကျုပ်နှလုံးသားဟာလေ နေရောင်ကို ချစ်တဲ့စိတ်တွေ ဘယ်လောက်တောင် ပြင်းပျသွားသလဲဆိုရင် ကျုပ်ရဲ့ မျက်နှာဖုံးတွေကို ပြန်လိုချင်စိတ် လုံးလုံးကို ပျောက်သွားတော့တဲ့ အထိပဲပေါ့။ ကျုပ်လဲ အိပ်မွေ့ချခံရတဲ့လူလိုပဲ ယောင်ယမ်းပြီး အော်မိပြန်တယ်။ “မြင့်မြတ်တဲ့သူတွေပါ၊ ဘုရားသခင် ကောင်းချီးပေးခံရတဲ့သူတွေပါ အဲဒါ ကျုပ်မျက်နှာဖုံးတွေကို ခိုးသွားတဲ့ သူခိုးတွေပါ။”

အဲလိုနဲ့ပဲ ကျုပ်ဟာ အရူးဘွဲ့ထူးကို ရလာတာပါပဲ။

ကျုပ်လည်း အဲဒီအချိန်ကစပြီး ကျုပ်ရဲ့ရူးသွပ်ခြင်းထဲကနေ လွတ်လပ်မှုနဲ့ လုံခြုံမှုကို တစ်ပြိုင်တည်း ရှာဖွေတွေ့ရှိခဲ့တယ်။ အထီးကျန်ဆန်ခြင်းရဲ့လွတ်လပ်မှုနဲ့ နားလည်စာနာမှုခံရခြင်းရဲ့လုံခြုံမှု၊ ကျုပ်တို့ကို နားလည်ပေးတဲ့သူတွေအတွက် ကျုပ်တို့အတွင်းထဲက တစ်ခုခုကို ထိန်းချုပ်ထားတဲ့ သူတွေအတွက်ပေါ့။

နို့ပေမယ့် ကျုပ်ရဲ့ လုံခြုံမှုအတွက် ကျုပ်ဘယ်တော့မှ ဘ၀င်မမြင့်ပါဘူး။ ဘာလို့လဲဆိုတော့ ထောင်ထဲရောက်နေတဲ့ သူခိုးတစ်ယောက်တောင်မှ အနည်းဆုံးတော့ တခြားသူခိုးတွေရန်က လုံခြုံနေသေးတာပဲ မဟုတ်လား…။
This entry was posted on 8:02 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

10 comments:

On 11:45 PM , Dream said...

အန်... ဒီဟာက မက်မက်ဦးလေး ၀မ်း၂၀ ကွဲ Kahil Gibran ရေးထားတာလေ.. ဟဲဟဲ...:P

ဘာသာပြန်ဆိုသူ ဦးဦးပန်းဂျဂါးက အရေးအသားအရမ်း ကောင်းတော့ ဖတ်၇တာ ကောင်းတယ်ဗျာ....

ဘ၀ကို ကျေနပ်ရောင့်ရဲတတ်တဲ့ စိတ်ကိုပြသွားတာပဲနော်....

ဖတ်ရတာ ကောင်းတယ်.... နောက်ကိုလည်း ဘာသာပြန်လေးတွေ ဖတ်ချင်တယ်နော်... ရေးသားပေးပါ....

ဘာသာပြန်တော်တဲ့အတွက် ကော်ဖီ တိုက်ခဲ့တယ်နော်... :)

 
On 9:17 AM , - said...

ဘာသာပြန်ပို့စ်လေးကို လာဖတ်ပါတယ်။
တိမ်းတင်နိုင်မှုဟာလည်း လူတွေရဲ့ စိတ်ကို လွတ်လပ်ပေါ့ပါးစေတာ အမှန်ပါ။

http://winzaw-mdy.blogspot.com

 
On 7:21 AM , အိမ် said...

တော်ကြိုးစားပြီး ဖတ်ရတယ်ဗျ နားမလည်ဘူး
ဟီး စာရေးတာမကောင်းဘူးလို့ ပြောတာမဟုတ်
ဘူးနော် ကျနော့်ကိုက အိုင်ကျုနိမ့်တာလို့ပြော
ချင်တာ ဟီး

 
On 11:30 PM , Anonymous said...

အင်းစိန်ထောင်ထဲမှာ ခိုးမှုနဲ့ဝင်လာသူရဲ့ ဖိနပ်တောင် အခိုးခံရသတဲ့

 
On 6:56 PM , ma naw said...

ag zay ahma lar thwar tal.
mm font twe read lo ya bu..
zaw gyi nae bal yae htar tar lar?
download lae ma pay htar bu naw

 
On 6:57 PM , ma naw said...

ahma so tar ma kyi nuu naw

 
On 4:57 PM , peti said...

ဟင်-------------ဘယ်လိုပြောရမလဲ။ မပြော တက် တော့ပါဘူးဗျာ ။ ပြောကိုမပြောချင်တော့ဘူး။

 
On 6:01 PM , peti said...

အရူးဆိုလို့ ပြောရရင်တော့ ကျွန်တော်လည်းအရူးပဲ ။ကျွန်တော်ဘယ်လိုရူးသွားသလဲဆိုရင်တော့ ဦး ရေးသလိုတော့မဟုပ်ဘူး ။ ကောင်းမလေးတစ်ယောက်ကိုကြိုက်ရင်နဲ့ဖြစ်သွားတာ၊ပြောရမယ်ဆိုရင်တော့ သူငယ်ချင်းတို့နားထောင်ကြမလား နားထောင်ရင်းမပြင်းပေးကြနဲ့နော်(အော် မှားလို့ ဖက်ရင်)ကောင်းမလေးတစ်ယောက်ကို chatting ထိုင်ရင်းအမှက်မထင်တွေသွားတယ် ။ကောင်းမလေးကကျွန်တော့ကို စကားပြောတောကျွန်တော်လည်းပြန်ပြောတာပေါ့ ဘာရမလဲ ကောင်းမလေးကပြောသေးတာနားထောင်းကြည့်ပေးကြပါဗျာ။ လောကကြီးမှာအကိုတစ်ယောက်ကိုသာအကြိုက်ဆုံးတဲ့ (အချစ်ဆုံးတဲ့) နောက်နေ့တွေချင်တော့ သူကကျွန်တော်ကိုမတွေဘူး ကျွန်တော်ကသူကိုတွေသွားတာပေါ့ ။ သူနောက်ကနေသိပ်သိပ်လေးသွားကြည့်မိတယ် ပြောနေတာ ကျွန်တော်တောင်လန့်သွားတယ် ဘာတွေရေးသလဲဆိုတော့ကျွန်တော် မပြောချင်တော့ပါဘူးဗျာ


သဘောကောင်းသောမိန်းကလေးများအတွက်
htetaungoo91@gmail.com နောက်နေ့မှဆက်မယ်နော် ဒီနေ့ဒီလောက်နဲ့ရပ်လိုက်မယ်နော်
Thank you Very much .

 
On 1:28 PM , peti said...

hteta

 
On 2:22 PM , peti said...

ကျွန်တောတို့ဒီနေရုံးမှာ Meeting ထိုင်တော့ ရုံးကလူကြီးက positive thinking နဲ့ negative thinking အကြောင်းပြောတယ် အဲ့ Mean ကတော့ အကောင်းမြင်ဝါဒ နဲ့ အဆိုးမြင်ဝါဒတဲ့ အကောင်းမြင်ဝါဒဆိုဒါက ဥပမာပြောရရင် ရုံးကလူကြီးက ကိုယ်ကိုကောင်းစေချင်လို့ ဆဲလိုက်တယ် အဲဒါကို ကိုယ်က negative thinking နဲ့ ကြည်လိုက်ရင် ကိုယ်ပဲစိတ်ပင်ပန်းပြီး ကိုယ်ဟာဘယ်လောက်ကောင်အောင်လုပ်လုပ် အကောင်းမဖြစ်တော့ဘူး ဥပမာထပ်ပြောရရင်တော့ ပုံပြင်လေးတစ်ပုတ်ထဲကပါ ကျွန်တော်လည်ူမမှက်မိတော့ဘူး တစ်ခါတုံးက အဘိုးအို နဲ့ အဘွားအို နှစ်ယောက်တို့မှာ မြေးအမွှာနှစ်ယောက်ရှိသတဲ့ (ကလေး) သူတို့နှစ် ယောက် မွေးနေ့ကျတော့ အဘိုးအို နဲ့ အဘွားအို ဟာ နွားချေးတုံးနှစ်တုံးကိုသူတို့ရဲ့မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်တယ် ပေးလိုက်တော့ negative thinking ကလေးကတော့ အဆိုးမြင်ပြီး နီားချေးတုံးပေးရမလားဆိုပြီးဒေါကန်နေတာပေါ့ positive thinking ကလေးကတော့ အကောင်းမြင်ပြီးအဲ့ နွားချေးတုံးကိုဆော့နေတာပေါ့ အဲ့လိုပါပ၊ဲ အဆိုမြင်ရင် စိတ်ပင်ပန်ူပြီး မကောင်းဘူး အကောင်း မြင်မှကောင်း မယ်ဆို လူကြီးလေးတွေသိအောင်ကျွန်တောမတက်တစ်ခေါက်လေးကိုပြောပြချင်ပါတယ်