Author: vanko
•9:55 PM

ဒီနေ့နေသာတယ်
ဒါ…ပျော်စရာပဲ။

လေအတိုးမှာ ဗံဒါရွက်တွေ
တဖြုတ်ဖြုတ်ခုန်ချကြတယ်။
မြေပြင်နဲ့မထိခင်အထိတော့
လေဟုန်စီးနိုင်သားပဲ
ဒါလည်းပျော်စရာတစ်ခုပေါ့။

ရေတံခွန်ဘေးမှာ
ရပ်နေတဲ့ကလေးကတော့
နတ်တွေရဲ့ ဂီတသံကိုကြားရသတဲ့
ဒါလည်းပျော်စရာပဲပေါ့။

စက္ကူစွန်တွေ
နှောင်ကြိုးတန်းလန်းနဲ့
ငှက်တွေနဲ့တောင်
စကားလက်ဆုံကျကြသတဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

အလုပ်ကအပြန်
လမ်းပေါ်ကကလေးတွေ
ကန်လိုက်တဲ့ဘောလုံးက
ရွှံ့အလူးလူးနဲ့ လာမှန်တယ်
အား…ဒါလည်းပျော်စရာပဲဗျ။

ညမှောင်တော့
လရောင်က ပိုလင်းသပေါ့
ပိုးစုန်းကြူးလဲ
သူ့အလင်းနဲ့ အဆင်းနဲ့တဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

မနက်ဖြန်တော့
မိုးရွာမယ်ထင်တယ်
အင်း… ဒါလည်းပျော်စရာပါပဲ။

ကဗျာမဟုတ်၊ စာမဟုတ်ပါဗျာ။ ပျင်းပျင်းနဲ့လျှောက်ရေးထားတာပါ။ "ချင်" Chin Shengt'an ရဲ့ ပျော်စရာတွေကို အားကျလို့လည်းပါပါတယ်။ ရေတံခွန်ဘေးက ကလေးဆိုတာကတော့ George Barker ရဲ့ O' Child Beside the Waterfall ကဗျာကို ညွှန်းတာပါ။ ပုံကတော့ အနော်ဆွဲထားတာပေါ့.. ဟိ ဟိ။ လှတယ်ဟုတ်..။ :P အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။
This entry was posted on 9:55 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On 8:41 AM , အိမ် said...

ကဗျာ မဟုတ် စာမဟုတ်ပေမဲ့ ဖတ်လို့တော့ ကောင်းတယ်ဗျ ဖတ်ရှုသွားပါတယ်ဗျာ။

 
On 1:06 PM , flower.poem said...

ဆွဲထားတဲ့ပုံလေးလှတယ်း)

 
On 1:43 PM , မျှော်လင့်ခြင်း said...

တမျိုးလေးဖတ်လို့ကောင်းတယ်
ဒီနေရာလေးကိုကြိုက်မိတယ်ဗျ .......
ညမှောင်တော့
လရောင်က ပိုလင်းသပေါ့
ပိုးစုန်းကြူးလဲ
သူ့အလင်းနဲ့ အဆင်းနဲ့တဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။
အားပေးနေပါတယ်.........နော်

 
On 7:04 PM , su wai said...

ဒီကဗျာလေးဖတ်ပြီး ပျော်သွားတယ် :)
ဘ၀ထဲမှာ ပျော်စရာတွေ ရှာကြည့်မယ်ဆိုရင် အများကြီးပဲနော်.. မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတယ်လို့ ကဗျာလေးကနေတဆင့် ခံစားမိလိုက်တယ်။
တကယ်လို့ မနက်ဖြန် မိုးမရွာဘဲ နေသာခဲ့ရင်လဲ ပျော်စရာပဲပေါ့..တောက်ပတဲ့ နေရောင်ခြည်က ခွန်အားအသစ်တွေ တိုးစေမယ်လေ။

 
On 9:38 PM , မီးမီးငယ် said...

ပျော်ပျော်ရွှင်ရွှင်နဲ့ ဖတ်သွားတယ်နော်

လွန်ခဲ့တဲ့ ၅နှစ်လောက်က သယ်ရင်းတွေနဲ့ ကန်ဘောင်ပေါ်မှာ စွန်လွှတ်တာ သွားသတိရမိတယ်။
း)

 
On 9:55 AM , Welcome said...

ကဗျာသာ အမှန်ဆို ပိုခံစားလို့ ကောင်းမယ့် စာလေးပဲ၊ စာလည်း မဟုတ်ပြန်တော့ အများကြီး စဉ်းစားသွားပါတယ်။
ပျော်ရွှင် အဆင်ပြေပါစေဗျာ

 
On 10:05 AM , ကိုဂစ်တာ said...

ကဗျာမဟုတ်၊စာမဟုတ်လို့ပြောပေမယ့်
ကျွန်တော်ဖတ်လို့ကောင်းတယ်
ဒါလည်းပျော်စရာပါပဲ။