Author: vanko
•7:26 PM




ဒီကနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း(ဂျူနီယာ)ကို ဂုဏ်ပြုကြတဲ့နေ့ဖြစ်ပါတယ်။ ဒီကနေ့ အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မာတင်လူသာကင်းအမှတ်တရဆု Trumpet of Conscience Award ကို ချီးမြှင့်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကိုလည်း အတူချီးမြှင့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းအမျိုးသားတွေအတွက် လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းလိုပဲ မြန်မာပြည်မှာလဲ မြန်မာပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်နေတဲ့ အမေစုကိုလည်း တစ်နေ့နေ့မှာ မြန်မာပြည်သူပြည်သားတွေက တလေးတစားနဲ့ အမှတ်တရ ဂုဏ်ပြုကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

၁၉၂၉ ခုနှစ်မှာမွေးဖွားခဲ့တဲ့ မာတင်လူသာကင်းဟာ မဟတ္တမဂန္ဒီလိုပဲ အကြမ်းမဖက်တဲ့နည်းနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၆၄ မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ၁၉၆၈ခုနှစ် ဧပြီလ ၄ရက်နေ့မှာ လုပ်ကြံခံရတဲ့အတွက် ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ I have a dream မိန့်ခွန်းဟာ ထင်ရှားတဲ့မိန့်ခွန်းတစ်ခုဖြစ်ပါတယ်။ မာတင်လူသာကင်းအကြောင်းကို သိသလောက်ရေးဖို့စိတ်ကူးမိပေမယ့် ရှာရင်းဖွေရင်း မြန်မာဝီကီမှာ အဆင်သင့်ရေးပြီးသားတွေ့တာနဲ့ အဲဒီကပဲ ကူးပြီးပြန်ဖော်ပြလိုက်ပါတယ်။ အဲလိုကူးယူလို့ ရ မရတော့ မသိဘူးပေါ့ဗျာ။ အင်္ဂလိပ်ဝီကီကတော့ ဒီလိုပဲ ကူးယူနေကျပဲဆိုတော့ ရမယ်ထင်ပါတယ်။

မာတင်လူသာကင်း
From Myanmar Online Encyclopedia

မာတင်လူသာကင်း (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေးလှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်း အား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမူ့များတွင် ပါဝင်ဆောင်ရွက်လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်မူ့ ညီလာခံ နှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မူ့ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေးအမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန်သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။

သူ၏ အကြမ်းမဖက်ရေးလှုပ်ရှားမူ့များကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ ဆုကိုရရှိခဲ့သည်။ သူသေမည့်၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမူ့လျော့ချခြင်း နှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှု့ထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက် လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ဒီထက်ပိုပြီး အပြည့်အစုံဖတ်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါခင်ဗျာ။ မြန်မာဝီကီလင့်ပါ။

မာတင်လူသာကင်းရဲ့ ကမ္ဘာကျော် I have a dream ဆိုတဲ့ မိန့်ခွန်းကို နားထောင်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါ။

အဲဒီမိန့်ခွန်းစာသား အပြည့်အစုံလိုချင်ရင်တော့ ဒီမှာ ဒေါင်းလို့ရပါတယ်ခင်ဗျာ။
This entry was posted on 7:26 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On 10:55 PM , အောင်မြေ said...

စာတွေ အများကြီးဖတ်သွားပါတယ်
မျက်စိအေးတဲ့ အိမ်လေးမို့
စာဖတ်ရတာ သိပ်အဆင်ပြေပါတယ်

 
On 10:56 PM , Welcome said...

ရောက်ပါတယ်
ထပ်ဆင့်ဖော်ပြပေးတဲ့အတွက်
ကြည်နူးစွာနဲ့ ဖတ်သွားပါတယ်