Author: vanko
•8:18 PM
24 Jul2008


ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ “မိတ်ဆွေနိုင်ငံများ” လို့ ခေါ်တဲ့ မြန်မာ့အရေးတွေကို ဆွေးနွေးဆန်းစစ်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေကို ခေါ်ယူပြီး ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားရောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီအဖွဲ့ဝင် နိုင်ငံတွေက မစ္စတာ ဂမ်ဘာရီရဲ့ အခုခရီးစဉ်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ အကြား ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့၊ ယုံကြည်အသိမှတ်ပြုလောက်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်ဖို့၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးနဲ့ ပုံမှန်ဆက်သွယ်ဆောင်ရွက်ဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးဟာ အဖွဲ့ရဲ့ လေးကြိမ်မြောက် ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၀၇ မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အစိုးရက အင်အားသုံးနှိမ်နင်းခဲ့ အပြီးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီစည်းဝေးပွဲမှာ Australia, China, France, India, Indonesia, Japan, Norway, Russia, Singapore, the Republic of Korea, Thailand, the United Kingdom, the United States, Vietnam, the European Community and the European Union တွေပါဝင်ခဲ့တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ် (John Holmes) ဟာ နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ဒေသတွေကို လှည့်လည်ကြည့်ရှုဖို့ သုံးရက်ကြာခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။

မနက်ဖြန် လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မစ္စတာဂမ်ဘာရီက တင်ပြဆွေးနွေးဖို့ ရှိပါတယ်။
This entry was posted on 8:18 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: