Author: vanko
•12:51 PM
မရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့ရဲ. Blog လေးကို ဒီနေ့  ပြန်အသက်သွင်းပါတယ်။ အစကတော့ ကျွန်တော့် စိတ်ကူးလေးတွေ၊ တွေးမိမြင်မိတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေကို ပြန်ဝေမျှဖို့  ရည်ရွယ်ခဲ့တာပါ။ လူငယ်တွေအချင်းချင်း အတွေးအမြင်လေးတွေ ဖလှယ်ဖို့  ရည်ရွယ်ခဲ့တာပါ။ အခုတော့ ဒီ Blog လေးမှာ ကျွန်တော်တို့  အားလုံးချစ်တဲ့ မြန်မာပြည်ရဲ့  နိုင်ငံ့အရေးတွေကို တင်ဖို့  ဖြစ်လာပါပြီ။ လူငယ်တွေ ကိုယ်တက်နိုင်တဲ့ဘက်က Blog တွေရေးပြီး နိုင်ငံ့အရေးအတွက် ရတက်မအေးနိုင်ပဲ တတပ်တအား ပါဝင်လာကြတာတွေတွေ့ရတော့ ကျွန်တော်လဲ ကျွန်တော့ရဲ့  အောင့်လုံးတွေကို မနေနိုင်မထိုင်နိုင် ဖွင့်ထုတ်မိတာပါပဲ။ (ဆရာကိုတာကတော့ အောင့်လုံးမရှိပါဘူးတဲ့ အားလို့ ယားလို့  စာရေးတာပါတဲ့။ ကျွန်တော်ကတော့ မအားတဲ့ကြားက ယားလို့ ရေးတာပါ။) နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့  ဆိုင်တဲ့အရေးပါ။ ကိုယ့်နိုင်ငံအရေးကို ပြည်သူတွေမပါရဘူးဆိုတဲ့ စစ်အာဏာရုး ဘိုသန်းရွှေနဲ့  အပေါင်းအပါတွေရဲ့  စစ်ဖိနပ်အောက်က မြန်မာပြည် အမြန်ဆုံးလွတ်မြောက်ဖို့ ၊ မမှန်တာတွေပဲ ရွေးပြောတက်တဲ့ စစ်အာဏာရူးတွေရဲ့  မီဒီယာအမှောင်ထုကို ထွင်းဖောက်နိုင်ဖို့  တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပါပြီ။ ၈၈ အရေးအခင်းကို မျက်မြင်ကြုံတွေ့ ခဲ့ရ၊ ကိုယ်တိုင်ပါဝင် ခဲ့သူတစ်ယောက်၊ ကျွန်တော်တို့  ရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို မျက်နှာပြောင်တိုက် ငြင်းပယ်ခံခဲ့ရသူ ပြည်သူတွေထဲက တစ်ယောက်အနေနဲ့  ဒီစစ်အာဏာရှင်စံနစ်ကို ကျဆုံးသည်အထိ တိုက်ထုတ်သွားဖို့ ၊ အားလုံးညီညီညွတ်ညွတ် ၀ိုင်းဝန်းကြဖို့  တိုက်တွန်းနှိုးဆော်ပါတယ်။
This entry was posted on 12:51 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: