•10:40 PM
စစ်အစိုးရကတော့ ထုံးစံအတိုင်း အတိုက်အခံအဖွဲ့ အစည်းများကို လက်ညိုးထိုး စွပ်စွဲထားပါတယ်။ ဒီလအစောပိုင်းမှာ နအဖ လက်ကိုင်တုတ် ကြံ့ဖွတ် ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ဒီဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ကြံ့ဖွတ်ရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ပါလို့  စွမ်းအားမြှင့်စစ်သည်တော်များ အဖွဲ့ က ၀န်ခံခဲ့တာကလွဲလို့  ကျန်ဗုံးပေါက်ကွဲမှုအတော်များများမှာ နအဖဟာ အတိုက်အခံအင်အားစု တွေကို လက်ညှိုးထိုးတာကလွဲလို့  တရားခံတိတိကျကျ မဖော်ထုတ်ပေးခဲ့ပါဘူး။
၂၀၀၅ မေလမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံ့သမိုင်းမှာ အကြီးကျယ်ဆုံး ဗုံးပေါက်ကွဲမှုမှာလည်း တရားခံ တိတိပပ မဖေါ်ထုတ်ပေးခဲ့ပါဘူး။ အဲဒီတုန်းက ဒဂုံစင်တာ၊ Junction 8 နဲ့  ပုဇွန်တောင်က ကုန်သွယ်မှုဗဟိုဌာန တွေမှာ ဗုံးသုံးလုံးဆင့်ပေါက်ခဲ့ပြီး ပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အများစုကတော့ ဒီဗုံးပေါက်ကွဲမှုတွေ (အားလုံးမဟုတ်ရင်တောင် အများစု) မှာ စစ်အစိုးရ ပါဝင်ပတ်သက်နေတယ်လို့  ယူဆကြပါတယ်။
မမေ့နိုင်တဲ့ ၁၉ ဂျူလိုင် အာဇာနည်နေ့  လည်းနီးကပ်လာပါပြီ။ ကျောင်းသားပြည်သူ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရတဲ့ ၈၈၈၈ အရေးတော်ပုံ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့လည်း ကျရောက်ပါတော့မယ်။ စက်တင်ဘာ ရွှေရောင်တော်လှန်ရေးရဲ့ နှစ်ပတ်လည်နေ့ဟာလည်း မဝေးတော့ပါဘူး။ ဒီအရေးတော်ပုံတွေရဲ့ အတိတ်သမိုင်းက စစ်အာဏာရှင်တွေကို အမြဲခြောက်လှန့် နေမှာပါ။ ဒီနေ့ ဒီရက်တွေနီးရင် နအဖဟာ ရင်တမမ ဖင်တကြွကြွနဲ့ ကြောက်လန့် နေမြဲပါ။ ဒါကြောင့် တိုင်းပြည်လူထုကို အာရုံလွဲအောင် မငြိမ်မသက် ဖြစ်အောင်၊ အထိတ်တလန့် ဖြစ်အောင် ဖန်တီးနေတယ်လို့ ပဲ ထင်ပါတယ်။
News
|

0 comments: