Author: vanko
•8:35 PM

Al Jazeera.net, July 14, 2008


ဆူဒန်နိုင်ငံ ဒါဖာမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဆူဒန်နိုင်ငံ သမ္မတ Omar al-Bashir ကို ဖမ်းဆီးဖို့ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး International Criminal Court ရဲ့ ရှေ့ နေတွေက တောင်းဆိုလိုက်တယ်လို့  ကြေငြာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။
ဆူဒန်သမ္မတ al-Bashir ဟာ တိုင်းရင်းသားမျိုးနွယ်စု သုံးစုကို မျိုးဖြုတ်သတ်ဖြတ်ခဲ့မှုမှာ စီစဉ်ညွှန်ကြားခဲ့တယ်လို့  ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။
အခုလို ဖမ်းဝရမ်းထုတ်ပေးဖို့  တောင်းဆိုချက်ဟာ တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ဖမ်းဆီးဖို့  ICC မှာ ပထမဆုံးအကြိမ် တောင်းဆိုမှုလည်း ဖြစ်ပါတယ်။

al-Bashir ဟာ မျိုးဖြုတ်သက်ဖြတ်မှု ၁၀ ကြိမ်၊ လူသားဖြစ်တည်မှုကို ဆန့် ကျင်တဲ့ ရာဇ၀တ်မှုတွေနဲ့ ၊ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ရာမှာ တာဝန်ရှိတယ်လို့  ယုံကြည်ရလောက်တဲ့ အကြောင်းအချက်တွေ ရှိတယ်လို့  တရားလိုရှေ့ နေတွေက ကြေငြာချက်မှာ ဖော်ပြပါတယ်။
ICC ကတော့ ရှေ့ နေတွေရဲ့  တောင်းဆိုချက်ကို သုံးသပ်ပြီး လက်ခံလောက်တဲ့ အကြောင်းအချက်တွေ ရှိသလားဆိုတာနဲ့  ဒီကျူးလွန်မှုတွေဟာ ICC ရဲ့  တရားစီရင်နိုင်ခွင့် အတွင်းမှာ ရှိသလားဆိုတာ စုံစမ်းသွားမယ်လို့  ဆိုပါတယ်။ ဖမ်းဝရမ်း ထုတ်ပေးသင့် မပေးသင့် ကို တရားသူကြီးများက ဆုံးဖြတ်မှာဖြစ်ပြီး အဲဒါဟာ လပေါင်းအတော်ကြာနိုင်တယ်လို့ လည်း ဆိုပါတယ်။
ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ “ကျွန်တော့အနေနဲ့  အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။ ဒါပေမယ့် ဘယ်သူမှ တရားဥပဒေကို ရှောင်လွှဲလို့  မရပါဘူး” လို့  ပြောပါတယ်။
al-Bashir ကို ဖမ်းဆီးလိုက်ရင် ဆူဒန်နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို မီးလောင်ရာလေပင့် ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ် လို့ ဆိုပါတယ်။
ဒီသတင်း အပြည့်အစုံကို Al Jazeera.net မှာ ဖတ်ရှုနိုင်ပါတယ်။

ဆူဒန်က ဘာရှားပြီးရင်တော့ ဘားမားက ဘိုရွှေ အလှည့်ဖြစ်မလားဆိုတာ....။

This entry was posted on 8:35 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: