Author: vanko
•7:21 PM

CNN

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ကိုယ်ပိုင်ဆရာဝန်နဲ့ တွေ့ဆုံဖို့ကို ငြင်းဆန်ခဲ့တယ်လို့ CNN သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဆရာဝန်နဲ့ရော အစိုးရ ထိပ်တန်းဝန်ကြီးတစ်ဦးကိုပါ လက်ခံတွေ့ဆုံဖို့ ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်အစိုးရနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ နှောင့်နှေးကြံ့ကြာနေတာကို ပိုပြီးစိတ်ပျက်လက်ပျက်ဖြစ်လာတာကို ပြသတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

UN ရဲ့ တိုက်တွန်းမှုကြောင့် ခန့်ထားခဲ့ရတဲ့ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဖို့ကို ငြင်းပယ်ခဲ့တယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၁၉ နှစ်အတွင်းမှာ ၁၃ နှစ်ကျော် နေအိမ်အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ကိုယ်ပိုင်ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ကိုလည်း ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ဒါဟာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေး နှောင့်နှေးနေမှုအပေါ် သူမရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှု ပိုတိုးလာတဲ့ အခြေအနေကို ထင်ဟပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်တော်အခုပဲ BBC နဲ့ NLD က ဦးဥာဏ်ဝင်းတို့ရဲ့ မေးမြန်းခန်းကို နားထောင်လိုက်ရတော့ စစ်အစိုးရသတင်းစာတွေဟာ သတင်းအချက်အလက်တွေကို ထိန်ချန်ပြီး အထင်အမြင်မှားအောင် ရေးသားဖော်ပြထားတယ်လို့ ပြောဆိုတာ ကြားလိုက်ပါတယ်။ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးအောင်ကြည်ကို မတွေ့နိုင်ဘူးလို့ ငြင်းဆိုတာမဟုတ်ပါဘူး။ တွေ့ဖို့ဆန္ဒရှိပါတယ်၊ နုတ်ဆက်လိုက်ပါတယ်၊ သို့သော်လည်း အခုအချိန်မှာ သူမရဲ့ အခွင့်အရေးတွေအတွက် ရှေ့နေနဲ့ တိုင်ပင်နေရတဲ့အတွက် ဦးအောင်ကြည်ကိုရော ဒေါက်တာတင်မျိုးဝင်းကိုပါ အခုလောလောဆယ်ဆယ်တော့ မတွေ့နိုင်သေးကြောင်း ပြောပေးပါလို့ သူမရဲ့ရှေ့နေ ဦးကြည်ဝင်းကတဆင့် မှာကြားလိုက်တာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
This entry was posted on 7:21 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: