အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး လွတ်တော်ခေါ်ယူပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အထူးကြေငြာချက်အမှတ် 18/09/08 မှာ ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ လွတ်တော်အမြန်ဆုံးခေါ်ယူပေးရန်၊ အဲဒီပြည်သူ့လွတ်တော်ကနေ ၂၀၀၈ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းရန်၊ အဆိုပါ ကော်မတီမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ရန်၊ ကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို ၆ လအတွင်း အပြီးဆောင်ရွက်ရန် စတဲ့အချက်များ ပါဝင်ပါတယ်။ ကြေငြာချက် အပြည့်အစုံကို အောက်မှာ ဖတ်ကြည့်ပါခင်ဗျာ။
ဒီကြေငြာချက်ဟာ လူထုက အားမလိုအားမရဖြစ်နေတဲ့ လက်ရှိ NLD ခေါင်းဆောင်ပိုင်းရဲ့ နည်းဗျူဟာဆိုင်ရာ တိုးတက်မှုတစ်ခုလို့ ကျွန်တော်တော့ မြင်ပါတယ်။ အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းကတော့ စောင့်ကြည့်ရမှာပါ။
အစ်မ မေအိခင် ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။




0 comments: