Author: vanko
•9:30 PM

(ဒီသတင်းကတော့ အစ်မ မေအိခင်ရဲ့ ဘလော့ဂ်ကနေ တစ်ပုဒ်လုံးကူးချထားတာပါ။ ကူးချရကောင်းလားလို့ အပြစ်ပြောလဲ ခံရမှာပါပဲ။ ကျွန်တော်က သူရေးထားတဲ့အတိုင်း အရသာမပျက် ပြန်ဖောက်သည်ချချင်တာကိုး...။ ဒါကတော့ ဆင်ခြေပေါ့...။ :P)


ပါတီနှစ်နှစ်ဆယ်ပြည့်အခမ်းအနားကို ယနေ့ကျင်းပခဲ့သည် ထိုအခမ်းအနားမှသတင်းကောင်းမှာ နိုင်ငံရေးတစ်ခုလုံး ပြောင်းလဲလာနိုင်သည့်သတင်းမှာ ဘဘ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေကို မူလတာဝန်တရားဝင်ပြန်လည်အပ်နှင်းပြီး ဒေါက်တာသန်းငြိမ်းအား ရန်ကုန်တိုင်း ဒုဥက္ကဌအဖြစ်တာဝန်ပြန်ပေးအပ်ရာ ကာယကံရှင်များမှ ၀မ်းမြောက်ဝမ်းသာလက်ခံကြိုဆိုကြောင်း သိရသည်။ နဂိုအင်အားကို ပို၍ မြင့်မားစွာဆောင်ရွက် နိုင်ပြီဖြစ်သည်။ အခမ်းအနားကို အင်အား ၆၀၀ နီးပါတက်ရောက်ပြီး ဗဟိုအလုပ်အမှုဆောင်များမှ တရားဝင် တာဝန်မေးမြန်းခြင်း အပ်နှင်းခြင်းကို စနစ်တကျပြုလုပ်ခဲ့ ပါသည်။ ဤသည်ကိုလေ့လာခြင်းဖြင့် ပါတီစီအီးစီသည် အရည်အသွေးအမှန်တကယ် စစ်မှန်ပြည့်ဝသောသူများအားလက်ဆင့်ကမ်းရန် တွဲဖက်ဆောင်ရွက်ရန် ၀န်မလေးကြောင်း တွေ့ရသဖြင့် ဒီမိုကရေစီရေးအတွက် အလားအလာကောင်းများဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
This entry was posted on 9:30 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: