Author: vanko
•10:56 PM
အစ်မ မေအိခင်က ကျွန်တော့်ကို ဗိုလ်ကြီးဝင်းထိန် ကသာထောင်ကအပြန်လမ်းမှာပဲ ပျောက်သွားတယ်လို့ သတင်းပြောပြပါတယ်။ ဒီသတင်းကို မဇ္ဈိမသတင်းဌာနမှာ အခုလို ဖေါ်ပြထားပါတယ်။

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 17:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကသာမြို့နယ် အကျဉ်းထောင်မှ ယမန်နေ့က လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်ဖမ်းကာ ထောင်အတွင်း ပြန်ထည့်လိုက်ကြောင်း မဇ္ဈိမက သတင်းရရှိသည်။

(အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်)

ဗိုလ်ကြီးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ကိုယ်ရေးအရာရှိအဖြစ် ထမ်းရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပထမအကြိမ် ဖမ်းဆီးခြင်းခံရပြီး ၁၉၉၆ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် မေလမှာပဲ ပြန်လည် အဖမ်းဆီးခံခဲ့ရပြီး ယခု ၂၀၀၈ ခုနှစ်အထိ စုစုပေါင်း ၁၉ နှစ်အကျဉ်းကျခံခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ဗိုလ်ကြီးဝင်းထိန်ကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ ကသာထောင် စသည်ဖြင့် တစ်နေရာပြီးတစ်နေရာ ပြောင်းလဲချုပ်နှောင်ခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ် အနေအစား ချို့တဲ့တာကြောင့် နှလုံးရောဂါနဲ့ အရိုးကျီးပေါင်းတက်ရောဂါများကို ခံစားနေရတယ်လို့လည်း သိရပါတယ်။
This entry was posted on 10:56 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: