Author: vanko
•8:16 PM
ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီ ဖွဲ့စည်းထူထောင်ခဲ့တဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ NLD ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ခုချိန်မှာတော့ ပါတီကို စတင်ထူထောင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပါတယ်။ ပါတီရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ကို ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရပါတယ်။

NLD နှစ် ၂၀ ပြည့်တဲ့နေ့မှာပဲ စိတ်ကောင်းစေတနာထားတယ်ဆိုတဲ့ နအဖဟာ NLD ပါတီဝင် သုံးဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီသတင်းဌာနကတော့ ၉ ဦးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။ (ဧရာဝတီ)

ဒီကနေ့ အနှစ် ၂၀ မြောက်အခမ်းအနား မကျင်းပမီမှာ ပါတီဝင်တွေဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုကြပြီး ငှက်တွေကို လှောင်ချိုင့်ထဲက လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
This entry was posted on 8:16 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: